Tuesday, September 20, 2011

နှလုံးသားသစ္စာ

အချစ်ဆိုတာ
ဟောတစ်ပွင့်…ဟောတစ်ပွင့်
တစ်ပွင့်ပြီးတစ်ပွင့် ပွင့်တဲ့
အပေါစားပန်းပွင့်တွေ မဟုတ်ဘူး…။

တစ်ပင်မှာတစ်ပွင့်
ခပ်ကြီးကြီးပွင့်တဲ့ နေကြာပန်းလိုမျိုး…။
ချစ်သူအလင်းနေမင်းကိုပဲ…
ဦးညွှတ်ခစား…သူမှသူပဲ..
သူတစ်ယောက်တည်းလေ…။
                              မောင်ရေချမ်း

1 comment:

  1. အားပေးခဲ့ပါတယ်

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ