Friday, April 20, 2012

ညစ်ညမ်းလောက

မြင်းကျားနဲ့လိပ် အပြေးပြိုင်တာ
လိပ်နိုင်သွားသတဲ့…….၊၊

ဒေါင်းငှက်နဲ့ကျီးကန်း အလှချင်းပြိုင်
ကျီးကန်းအနိုင်ရသတဲ့……..၊၊

ကမောက်ကမ……
အို….လောကရေ…..
သင်ကိုယ်သင် ဆေးကြောပစ်ပါတော့ ၊၊

တိမ်ညိုတိမ်မည်းတွေကြား
လဟာ လုံးပါးပါးနေပြီ……..၊၊
ညစ်ညမ်းခြင်းတောင်စွယ်မှာ
အမှန်တရားဟာ နေကွယ်သွားခဲ့………….၊၊

                                           မောင်ရေချမ်း
                                ( ပြုံးစရာ မဂ္ဂဇင်း ၊ ၂၀၁၂ ဧပြီ )

1 comment:

  1. ဒီကဗျာလေးကို ကြိုက်တယ်...
    ပထမဦးဆုံးအကြိမ်လာလည်ခဲ့ရင်း ကဗျာလေးကိုဖတ်သွားတယ်... :)

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ