Wednesday, June 27, 2012

ဒီလို ဒီလိုနဲ့ ကြေကြေကွဲကွဲ

 အနောက်တောင်မှာ မိုးတွေချုန်းပြီ
ဘ၀တွေ ရွှဲရွှဲစိုအောင် ......အရွာလည်းခံရဖူးပြီ
( အလျော်မရတဲ့ကစားပွဲအတွင်း)
  ဖြစ်တည်မှုတွေ အစားခံရ ၊
ကောင်မလေးရယ် မင်းရဲ့စိတ်ကို ဖြေသိမ့်လိုက်ပါတော့
အိပ်မက်သေတွေ ရုန်းကြွလာအောင် မန်းမှုတ်ဖို့အတွက်
ကိုယ်တို့မှာ ဂါထာမရှိဘူးကွယ်
ကံကိုသာ ပစ်စလက်ခတ်ပုံချရင်း
ကိုယ့်စိတ်ကိုယ် ချော့သိပ်လို့ တိတ်တိတ်လေး အိပ်နေတော့မယ်
ကိုယ်ရယ် ၊ မင်းရယ်
ပြီးတော့ ဖျားနာနေတဲ့လူသားတွေရယ်
ကမ္ဘာကို မေတ္တာတရားနဲ့နားလည်ဖို့ ကြိုးစားရဦးမယ် ၊၊ ၊၊

                                                     မောင်ရေချမ်း

3 comments:

  1. တချို့စကားလုံးတွေကို တစ်ယောက်ယောက် နဲ့ ပြောနေကြ ဖြစ်နေခဲ့တယ် ။
    အကြောင်းအရာကလည်း တချို့အဖြစ်အပျက်တွေ နဲ့ ဆင်တူသလိုပဲ ... ဒီ ကဗျာ ကို တစ်ယောက်ယောက်ကို ပေးဖတ်ဖြစ်ဖို့ ခွင့်ပြုပါ ညီ ...

    ReplyDelete
  2. စာပေဥယျာဉ်လေးကိုရောက်ခဲ့ပြီး ကဗျာလေးတွေ ခံစားသွားတယ် မောင်ရေချမ်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဘ၀တွေ ရွှဲရွှဲစိုအောင် ......အရွာလည်းခံရဖူးပြီ
    ကဗျာလေးက နူးညံ့လိုက်တာ။ အားပေးသွားပါတယ်။

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ