Friday, July 6, 2012

လမ်းအတုများ ၊ နာရီအသေများ

အိပ်မက်အလင်းတန်းလေးဟာ သေးမှုန်ဖျော့စင်လို့
ဘာကိုမျှော်လင့်လို့မျှော်လင့်ရမှန်းမသိတဲ့ဘ၀တွေဟာ
အမှောင်တွေကိုသာ တစ်ကျိုက်ပြီးတစ်ကျိုက်မော့သောက်နေရ
လမ်းတွေ ၊ လူတွေဟာ လွန့်လူးလှုပ်ရှားရင်း
ဒီရပ်ဝန်းလေးတစ်ခုလုံးဟာ အောက်စီဂျင် ငတ် မွတ်
ကမ္ဘာမြေရဲ့ဒုက္ခတွေကြားထဲမှာ ကြက်ခြေခတ်တွေသာတစ်ခုပြီးတစ်ခု

မတရားမှုတွေ ရှူရှူသွင်းရင်းကမ္ဘာကြီးဟာလည်း အသက်ရှူမှားနေခဲ့
တစ်စုံတစ်ရာကို မျှော်ရင်း ငေးရင်း
မိုးရေထိုးထားတဲ့ လွတ်လပ်သံစဉ်တွေကြားမှာ
ဖြစ်တည်မှုတွေဟာ ကကွက်ခဏခဏမှားခဲ့ပေါ့
သူများဖန်တီးတဲ့ ကိုယ်တို့ကြမ္မာဟာ ခါးသက်စွာနဲ့
ဖြစ်သလိုပြောပြီး ပြောသလိုဖြစ်မလာတဲ့အခါ
သက်ပြင်းချရုံ ၊တောက်ခေါက်ရုံက လွဲလို့ ဘာမှမတတ်နိုင်ဘူးကွယ်
ငြိမ်းချမ်းရေးမနက်ဦးဟာ မှုန်ပြာဆိုင်းလဲ့လို့
မျှော်လင့်ခြင်းတွေ ကြိမ်ဖန်ထပ်စွာသေဆုံးရင်း
ဒီကဗျာဟာလည်း ဖျက်ရာဗလပွနဲ့ သွေးစိမ်းရှင်ရှင်ကျနေ ၊၊                 ၊၊

                                                                    မောင်ရေချမ်း
                                                        ကလျာမဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ ၂၀၁၂

2 comments:

  1. လမ်းအတုများ၊နာရီအတုများ
    အပေါ်မှာ စိတ်ကူးလေးယဉ်လို့ 
    ခဏတာငေးမောခဲ့ပါတယ်ခင်ဗျာ ...

    ReplyDelete
  2. ပြောမတတ်ဘူး ... သိပ်ကြိုက်တဲ့ အသုံးအနှုန်း နဲ့ ရေးဖွဲ့ပုံ သုံးလေးခုကို ထပ်ကာ ထပ်ကာ ကြိုက်မိခဲ့တယ် ။
    ဒီရပ်ဝန်းလေးတစ်ခုလုံးဟာ အောက်စီဂျင် ငတ် မွတ်
    သူများဖန်တီးတဲ့ ကိုယ်တို့ကြမ္မာဟာ ခါးသက်စွာနဲ့
    ဖြစ်သလိုပြောပြီး ပြောသလိုဖြစ်မလာတဲ့အခါ

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ