Friday, August 17, 2012

ဝရုန်းသုန်းကား ရုတ်ရုတ်သဲသဲကမ္ဘာကြီး

သက်ပြင်းသံ ၊ တောက်ခေါက်သံတွေနဲ့ ရုတ်ရုတ်သဲသဲ
ကြည့်လေရာ မြင်လေတိုင်း မီးမြားတွေကြားမှာ
မျှော်လင့်သမျှတွေ ဖွာခနဲ ဖွေးခနဲ
အားလုံးဟာ လွင့်စင်ပေါက်ကွဲခါနီး အနေအထားနဲ့ ရုတ်ရုတ်သဲသဲ
ဒိုင်နိုဆောကြီးတစ်ကောင်ကို ငမျှားချိတ်လေးနဲ့ပစ်ဖမ်းကြ
အဲဒီ့အနေအထားနဲ့ ငါတို့အားလုံးဟာ ရုတ်ရုတ်သဲသဲ
ဖယိုဖရဲပျံ့ကြဲနေတဲ့ အသက်ရှူလမ်းကြောင်းတွေကြား
ကြေအက်နေတဲ့ခေါက်ရိုးကျိုးလမ်းတွေပေါ်မှာ
မှုန်တိမှုန်ဝါး လူတွေဖြတ်လျှောက်သွားလာ
ကမ္ဘာကြီးဟာ ဒုက္ခတစ်ထပ် ဒေါသတစ်ထပ်နဲ့
မတရားမှုတွေ ရှူရှူသွင်းရင်း တဖြညိးဖြည်း ၀ ၀ လာ ။         ။

                                                             မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ