Monday, August 27, 2012

ကိုးရိုးကားယား စကားလုံးပြောင်းပြန်များ


ပြောတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ပြီးတော့ မျှစ်ချိုးပြီး ပြန်လာခဲ့တာ
ခေတ် ခေတ် ခေတ်နဲ့ တခစ်ခစ်ရယ်သံတွေကြားထဲမှာ
ဝတ်လစ်စလစ်အိပ်မက်တွေကို ချောင်းကြည့်လိုက်တော့
ကိုယ်နဲ့မတော်နဲ့ဦးထုပ်ကြီးဆောင်းပြီး ခပ်တည်တည်နဲ့ တည်တည်တံ့တံ့( ခံ့ခံ့ )စကားတွေပြောလို့
နားအေးပါးအေး ၊ အားလုံးဟာ ညာတာပါတေးနဲ့
ပြောသမျှစကားလုံးတွေဟာ ဆိုးဆိုးဝါးဝါး ( ဆိုးဆိုးရွားရွား )ပိစိပိစိ ၊ အိညက် အိညောင် စကားလုံးတွေဟာ ဆိုးဆိုးရွားရွား
ဘာဘာညာညာ ၊ဘာဖြစ်မယ် ညာဖြစ်တယ်နဲ့ ဘာမှဖြစ်မလာဘူး
‘လူတွေက ရူးနေကြတာ ’ တဲ့ ခစ် ခစ် ခစ်လို့ရယ်မောပြီး တဆစ်ဆစ်နာကျင်သွားတယ်
မှန်မကြည့်ဘဲပြောတဲ့လူတစ်ယောက်ရဲ့စကားသံတွေဟာ ဆိုးဆိုးဝါးဝါး
ဖိုသီဖက်သီစကားလုံးတွေကို ဖောချင်းသောချင်း သုံးစွဲလို့
နာတာရှည်ရောဂါတွေကြားမှာ ပြောသမျှ ( ကြားသမျှ ) စကားလုံးတွေဟာ ဆိုးဆိုးရွားရွား
ဘာလဲ ဘယ်လဲ ၊ ဘယ်လှည့် ညာလှည့်နဲ့
ဝှစ် ၀ှစ် ၀ှစ် နဲ့ တ၀ှစ်ဝှစ်ဓားလှံတွေကြားမှာ နာရီတွေဟာ ဆိုးဆိုးရွားရွား
အနီကတ်တွေ ပလူပျံနေတဲ့ဘောလုံးပွဲတစ်ပွဲလို ‘ဟင်’ ၊ ‘ဟာ’ အသံတွေဟာ အုတ်အော်သောင်းနင်း
တိမ်တွေကြားက လေယာဉ်ပျံတွေကိုငေးကြည့်ရင်း စက်ဘီးလေးကို ဂျောက်ဂျက် ဂျောက်ဂျက်တွန်းသွား
ဝေ့လည်ကြောင်ပတ်နဲ့ ဝေ့၀ိုက်ဝိုက်စကားလုံးတွေဟာ ခေါင်းငိုက်စိုက်
မြေပုံကြမ်းတောင်မပါဘဲ တောနက်ထဲမှာ မက်သမျှအိပ်မက်တွေဟာ ကိုးရိုးကားယား
ခနော်နီ ခနော်နဲ့ ယိုင်ထိုးထိုး လက်ညှိုးတွေဟာ ဝေေ၀၀ါးဝါး
ကစားမလား ၊ နားမလား
ကစားမလား ၊ နားမလား
ကစားမလား ၊ နားမလား
မေးခွန်းတွေကြားမှာ မိုးတိုးမတ်တပ်ခြေစုံရပ်လို့
ရုပ်မြင်သံကြားဖွင့်ရင်း ၊ သတင်းစာဖတ်ရင်းပဲ
ကိုယ်ဟာ ခိုးခိုးခစ်ခစ် ရယ်မောပစ်တယ်
ပြောသမျှ စကားလုံးတွေဟာ ၀ိုးတိုးဝါးတား ။               ။

                                                               မောင်ရေချမ်း
                                                  ( ရယ်စရာ မဂ္ဂဇင်း ၊ ဒီဇင်ဘာလ ၊ 2012 )

3 comments:

  1. Felice inizio settimana a te...ciao

    ReplyDelete
  2. ဆရာရေ..မိုးနတ်လဲ စကားလုံးတွေကြားမှာ ကိုးရို့ကားယား...ဟုတ်ပါဘူး..ဆရာ့ကဗျာလေးခံစားသွားတယ်လို့.....
    ခင်တဲ့ ..မိုးနတ်..

    ReplyDelete
  3. facebook မှာတော့ ဖတ်ပြီးပြီ

    ပြန်ထပ်ဖတ်တော့လဲ ခံစားမှုရသ မပြောင်းသွားဘူး

    ကိုရေချမ်းရေ ကြိုက်တယ်ဗျာ

    (ကဗျာကိုပြောတာနော် လူကြီးဟိးဟီးဟီး)

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ