Monday, November 12, 2012

နှင်းဆွတ်ဆွတ်လမ်း


ဓားတွေ၊လှံတွေကို ဂျုံတွေ၊ဆန်တွေနဲ့လဲစားကြမယ်
လူတွေက လမ်းလေးကို မွေးဖွားခဲ့ကြ
အဲဒီ့လမ်းလေးမှာ...
သေနတ်၊ဓား လက်နက်မှန်သမျှ ယူဆောင်ခွင့်မရှိ
မီးခြစ် ၊ မီး
လောင်ကျွမ်းစေတဲ့ အရာမှန်သမျှ ယူဆောင်ခွင့်မရှိ
ဒေါသ ၊ အမုန်း
ပေါက်ကွဲစေတဲ့ အရာမှန်သမျှ ယူဆောင်ခွင့်မရှိ
အဲဒီ့လမ်းလေးရဲ့နံဘေးမှာ..
မေတ္တာတရားဟာ အလေ့ကျရှင်သန်ကြီးထွားလို့
အဲဒီ့လမ်းလေးမှာပဲ တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်
တစ်ယောက်ရင်ဘတ်ထဲတစ်ယောက် တိုးဝှေ့ဝင်ရောက်ကြ
ပကတိချစ်သောမျက်ဝန်းတွေ တဖွဲဖွဲ
နှင်းပွင့်လေးတွေ  တဖွဲဖွဲ
လူတွေက လမ်းလေးကို မွေးဖွားခဲ့ကြ
တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း ။      ။
                                                   မောင်ရေချမ်း

1 comment:

  1. ပကတိချစ်သောမျက်ဝန်းတွေ တဖွဲဖွဲ
    နှင်းပွင့်လေးတွေ တဖွဲဖွဲ
    လူတွေက လမ်းလေးကို မွေးဖွားခဲ့ကြ
    တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း ။

    တကယ်ကို ငြိမ်းချမ်းတဲ့လမ်းလေးပဲနော် ဆရာ..
    နှင်းဆွတ်ဆွတ်လမ်းလေးက ချစ်စရာ..
    ခေါင်းစဉ်လေးကိုက ဖတ်ချင်စရာ..နေအုံး
    ဒီလို ခေါင်းစဉ်မျိုးလေး မိုးနတ်ဘယ်မှာတွေ့ဖူးတာပါလိမ့်..

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ