Wednesday, November 14, 2012

မအီမသာအဖြစ်အပျက်တို့သည်


စိတ်အေးလက်အေး နာကျင်ညစ်ညူးစရာတွေ နာနာကျင်ကျင်
ကြီးကြီးကျယ်ကျယ် အာပေါင်အာရင်းသန်သန်နဲ့ လျက်ဆားရောင်းနေတယ်
(ပလက်ဖောင်းပေါ်မှာ)
ခင်ဗျားစိတ်မရှည်ရင် အချိန်တွေကို ရီမုနှိပ်လို့ကျော်ပစ်ပေါ့
ဘာဘာညာညာတွေ သီချင်းတစ်ပုဒ်ထဲက စာသားတစ်ပိုင်းတစ်စလို
အခုလာပြီး အာရွှီး လာပြီး ( ညာပြီး/လာပြီး ) အာရွှီးနေတုန်း
အရင်းမရှိလို့ လူရင်းစားတာ ဘာဖြစ်သေးလဲ
ဝဲပစ်ပါ...  ခေါက်ထားပါ .. ပုံပြင်အသစ်တွေကို နားစွင့်ပါ/နားဆင်ပါ
မြွှေအလမ္မာယ်ဆရာတွေ မျက်လှည့်ပြတာ ထူးဆန်းတာမှမဟုတ်
ဂြိုလ်တုသတင်းတွေကို အနံ့ခံ
ဂျစ်ဂျစ်ဂျစ် မြည်တတ်တဲ့ရေဒီယိုကိုဖွင့်လို့ နေထိုင်နေရ
မသိမသာ သိသိသာသာပဲ့ပဲ့သွားတဲ့ အနာတရတွေ နက်နက်ရှရှ
ဂိုးသွင်းညံ့တဲ့တိုက်စစ်မှူးလေးကို လက်ခုပ်တီးပြီးအားပေးပါ
ပျော်စရာ ရွှင်စရာ ဟာသကမ္ဘာကြီးကို
တဟီးဟီး ..တဟားဟား ရယ်မောပါ (စိတ်ပျက်စရာ)
မနေ့က/ယနေ့ ဖြစ်ပေါ်သမျှ အခြေအနေအရပ်ရပ်သည် စသည် စသည်။ ။

                                                                                             မောင်ရေချမ်း

3 comments:

  1. ဂျစ်ဂျစ်ဂျစ် မြည်တတ်တဲ့ရေဒီယိုကိုဖွင့်လို့ နေထိုင်နေရ
    မသိမသာ သိသိသာသာပဲ့ပဲ့သွားတဲ့ အနာတရတွေ နက်နက်ရှရှ

    ဟုတ်ပါ့.......

    ReplyDelete
  2. ရေချမ်းရေ. နောက်တစ်ခေါက်ဟ..။

    ReplyDelete
  3. မြွှေအလမ္မာယ်ဆရာတွေ မျက်လှည့်ပြတာ ထူးဆန်းတာမှမဟုတ်
    ဆေးရောင်းစားတာ ကြီးကြီးကျယ်ကျယ် အာပေါင်အာရင်းသန်သန်နဲ့ လျက်ဆားရောင်းနေတယ်
    တဟီးဟီး ..တဟားဟား ... စသည် စသည် စ နေ သည် ...

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ