Monday, January 7, 2013

ငတ်နေတဲ့ကဗျာ

အခုရေးမဲ့အကြောင်းဟာ ငတ်မွတ်မှုပဲ

မရေးမဖြစ် ၊ မဖြစ်မနေကို အော်ဟစ်ပစ်လိုက်ပြီ

ဒီဒေသဟာ မစိမ်းစိုဘူး

ပူပြင်းခြောက်သွေ့မှုတွေနဲ့ အမြဲလိုလိုထိတ်လန့်နေရ

ဘယ်နေရာမှာလဲ ထစ်ခနဲဆို စစ်ပွဲတွေနဲ့

" ဆန်ပြုတ်တစ်ဇွန်းလောက် တိုက်ပါ

ဆန်ပြုတ်တစ်ဇွန်လောက်ပဲ တိုက်ပါ

ဆန်မလိုချင်ဘူး ဆန်ပြုတ်လေးပဲ "

" အား ..ပူတယ် ပူတယ် ဟေ့ "

အော်လိုက်ကြ အားလုံးဟာ မီးတောက်တွေနဲ့

ဝုန်းခနဲ ပြိုကျလာ

ဝုန်းဒိုင်းကြဲ ကတိတွေထဲ နစ်မွန်းခဲ့တာ ဆယ်စုနှစ်တွေ

သက္ကရာဇ်တွေ ပုပ်ပွလို့

ကျည်ဆံတွေအစား ချောကလက်တိမ်တိုက်တွေမျှော်နေကြ

အခု ..မဖြစ်မနေရေးရမဲ့ကဗျာဟာ ညိုမွဲနေတဲ့စာသားတွေနဲ့ ။ ။

                                                                             မောင်ရေချမ်း

4 comments:

  1. ၀ုန်းဒိုင်းကြဲ ကတိတွေထဲ နစ်မွန်းခဲ့တာ ဆယ်စုနှစ်တွေ

    သက္ကရာဇ်တွေ ပုပ်ပွလို့

    ကျည်ဆံတွေအစား ချောကလက်တိမ်တိုက်တွေမျှော်နေကြ

    ReplyDelete
  2. ၀ုန်းဒိုင်းကြဲ ကတိတွေထဲ နစ်မွန်းခဲ့တာ ဆယ်စုနှစ်တွေ
    သက္ကရာဇ်တွေ ပုပ်ပွလို့
    ကျည်ဆံတွေအစား ချောကလက်တိမ်တိုက်တွေမျှော်နေကြ
    အခု ..မဖြစ်မနေရေးရမဲ့ကဗျာဟာ ညိုမွဲနေတဲ့စာသားတွေနဲ့ ...

    အမှန်ပါပဲ ဆရာရေချမ်းရေ.....:)
    ခင်တဲ့....မိုးနတ်

    ReplyDelete
  3. စီပုံးမှာ အော်လို့မရလို့ ဒီမှာပြန်လာအော်တာ...
    ဆရာရေချမ်းတစ်ယောက် fb ပေါ်မှာ ပျော်နေလို့
    မိုးနတ်တို့ bg ကိုမေ့ပြီပေါ့....:(
    ခုတလော အသစ်တင်တာလဲ မတွေ့ဘူးးးးးးးးးးးးး
    ဟင်းနော်....ဟင်းးးးးးးးးးးးးးး

    ReplyDelete
  4. အားးးးးးးးးးပူတယ် ပူတယ် ဟေ့

    ကျည်ဆံတွေအစား ချောကလက်တိမ်တိုက်တွေမျှော်နေကြ

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ