Tuesday, April 30, 2013

ပန်းအတု လူအတုတွေကို ဆွဲဖွင့်/ဆဲပစ် !



အနုစားသစ်ရွက်ခြောက်လေးတွေနဲ့ ပျော့ပျော့လေး
မှေးနေ/ငေးနေလိုက်တော့မယ်
မျက်နှာမသစ်တဲ့ကောင်ရယ် ၊ ချဉ်တူးတူးအနံ့နဲ့လူရယ်
ကိုယ်ထိုင်နေတဲ့ စားပွဲနဲ့မလှမ်းမကမ်းမှာ လက်ဖက်ရည်အတုတစ်ခွက်မှာသောက်
ကောင်တာက ပျော့အိအိအသားနဲ့လူဝကြီးဟာ
သူ မလောင်းထားတဲ့ဘောလုံးပွဲအကြောင်းကိုပဲ ရေးကြီးခွင်ကျယ်
ရက်ပါ ဦးခေါင်းကို ပြောင်းပြန်ဆောင်းထားတဲ့ငနဲကလဲ အသံသိပ်ကျယ်တယ်

သတင်းစာဟာ ကိုယ့်စားပွဲပေါ်တည့်တည့်မှ ဘုတ်ခနဲ
" ဒီသီချင်းခွေလေး ဖွင့်ပေးပါဦး "
" ဒီနေ့မနက် ___ မှာ ___ ဖြစ်လို့တဲ့"
" ဟိတ်လူ သွားပြီလား ။ လက်ဖက်ရည်သောက်သွားဦးလေ"

ချိုချွဲချွဲအသံတွေ ။ အသံတွေ ။

ကိုယ့်ရှေ့က ကော်ဖီခွက်လေးဟာ ငေး..မော ..တိတ် ဆိတ်
လူအတုတွေ တဖွဲဖွဲ ၊ စကားအတုတွေ တဖွေးဖွေး
တစ်ယောက်အစွယ်တစ်ယောက် နမ်းရှုံ့လို့
အဲဒီ့မနက်ခင်းမှာ မျက်နှာနောက်တစ်ကြိမ်ထပ်သစ်ခဲ့ရပေါ့ ။ ။

မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ