Friday, May 17, 2013

ခြေရာ/စာမျက်နှာများ




ချန်ထားခဲ့ကြ
လူပုပ်ပွပွတွေက ခြေရာညိုညိုတွေချန်ခဲ့
ချဉ်စုပ်စုပ်လူတွေက ပြာနှမ်းနှမ်းခြေရာတွေချန်ခဲ့

တချို့ ခေတ်ကို ပုခုံးပေါ်တင်ပြီးရုန်းခဲ့ကြ
တချို့ ခေတ်ကို အိပ်မက်အသစ်တွေဝတ်ပေးခဲ့ကြ
လွမ်းရသူတို့က ကြယ်ဖြူရောင်ခြေရာတွေ ချန်ခဲ့

အချိန်တွေက ကူးလူးသယ်ဆောင်လို့
တချို့ခြေရာတွေ ဖျောက်မရ
တချို့ခြေရာတွေ မေ့မရ ခဲ့ ။ ။
                                      မောင်ရေချမ်း

1 comment:

  1. ဆရာ ရေချမ်းရော...
    ဘာချန်ထားခဲ့ဖို့ စိတ်ကူးထားလဲ ???

    မရောက်တာတော့ တော်တော်ကိုကြာသွားပြီ
    ဒါပေမဲ့ အမြဲလိုလို သတိတရရှိနေပါတယ်
    ဆရာရေ.....ဆက်လက်ထုဆစ်နိုင်ပါစေ
    ခင်တဲ့...မိုးနတ်

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ