Wednesday, March 19, 2014

ဒီမနက်ခင်းဟာ လာပြီဆို ဒီသီချင်းနဲ့ချည်း ငါ့ကိုနိုးတော့တာပဲ



အသားထဲမှာ လျှာကြီးတစ်ချောင်းဝင်နေတာ
လုပ်ပီ... လူစီလား ၊ ရိုစီလား မသိတဲ့ ချာတိတ်မလေးတစ်ယောက်ရဲ့အသံနဲ့
မနက်ခင်းဟာ အရေးတကြီးကို ချွဲပျစ်လို့
အာဝါးဒါးတွေနဲ့ ဒီနေ့ကိုလဲ စရဦးမှာလား
နေမပွင့်ခင်ကို ဒီသီချင်းက စ
ပန်းတွေမပွင့်ခင်ကို ဒီသီချင်းက စ
ဒါ သက်သက်ငါ့ကိုရန်စနေတာလား
သိပ်အားမထုတ်ထားတဲ့ကဗျာတစ်ပုဒ်ကိုဖတ်ရသလိုပဲ
ကောင်းကင်ကတော့ ပျင်းရိပျင်းတွဲ့ ဆန်လွန်းလှတယ်
ဟော... လာပြန်ပြီပေါ့
ငါ့မနက်ခင်းလေးခမျာ
ဒီသီချင်းနဲ့ပဲ အိပ်ယာကထခဲ့ရရှာ ။ ။

              မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ