Sunday, April 20, 2014

ရုတ်ရုတ်သဲသဲ ည

လေးဂိုး -ဇီးရိုးနဲ့ ရှုံးတဲ့ ဘောလုံးပွဲတစ်ပွဲလို
ငါ့မှာ ညံ့ခဲ့ရ

အဆင်ပြေချင်ယောင်ဆောင်နေတုန်းမှ
အဆင်မပြေမှုဟာ ပြုတ်ကျလာတယ်

ကံဆိုးမိုးမှောင်ကျဖို့
အခွင့်အရေးရခဲ့ပါတယ်

အဲဒီ့ညကပေါ့
မိုးတွေမရွာဘဲ ရေကြီးသွားခဲ့တာ ။

            မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ