Wednesday, April 30, 2014

အဆင်မပြေခြင်းများ ( ၂ )




ငါ့အသက်ရှူသံတွေ
တကယ်က ချောင်ပိတ်မိနေတဲ့ ငါ့အသက်ရှူသံတွေ

ဒါ အချစ်မဟုတ်ဘူးကွာ
မေတ္တာတရားစစ်စစ်သာ ဖြစ်တယ်

တကယ်က
စံပယ်ပင်လေးတစ်ပင်သေသွားခဲ့တာပါ

တိုးတိုးလေးပဲ နေချင်တယ်
တိတ်တိတ်လေး အက်ကွဲလို့ပေါ့ ။ ။

                                    မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ