Sunday, May 4, 2014

ဟာသကဗျာ



ဟာသကဗျာ
ယူကြဦးမလား ဟာသကဗျာ
ဖတ်ကြဦးမလား ဟာသကဗျာ
ပေါက်လွှတ်ပဲစားရေးထားတတ်တဲ့ ဟာသကဗျာ
ဖတ်ပြီးရင် ငိုရမယ့် ဟာသကဗျာ
ကမ္ဘာကြီးထဲကို တဟီးဟီး တဟားဟားနဲ့ဝင်လာတဲ့ ဟာသကဗျာ
စစ်ပွဲတွေကို အော်ဆဲတတ်တဲ့ ဟာသကဗျာ
ငြိမ်းချမ်းရေးကို လိုချင်လို့ပါဆိုတဲ့ ဟာသကဗျာ
သမ္မတကြီးကျန်းမာပါစေ
အမေစု ကျန်းမာပါစေ ဆိုပြီး စာသားတွေထဲ
အော်ဟစ်ဆုတောင်းတတ်တဲ့ ဟာသကဗျာ
ဘေးထိုင်ဘုပြောတတ်တဲ့ ဟာသကဗျာ
ဖေ့ဘုတ်ခ်ပေါ်ကနေ မျိုးချစ်တတ်တဲ့ဟာသကဗျာ
၁ မိနစ် နှစ်ကျပ်နဲ့ အမြန်ရိုက်တင်လိုက်တဲ့ ဟာသကဗျာ
လမ်းကြိုလမ်းကြားအထိ စိမ့်ဝင်ပျံ့နှံ့လို့
အခုဆို အင်္ဂါဂြိုဟ်ပေါ်အထိအောင် ခုန်တက်ပျံ့နှံ့လို့
ဟာသကဗျာတွေဟာ ခေတ်စားလာ ။

ကဲ...ယူကြဦးမလား ဟာသကဗျာ
တစ်ရာဖိုးငါးပုဒ်အထိ ရတတ်တဲ့ ဟာသကဗျာ ။

                     မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ