Monday, May 12, 2014

ည..ရွာပြီးသောမိုးတွေ


ပျော်ရွှင်ခြင်းများပါ
ဒဏ်ရာကိုမှ
graffiti ရေးခဲ့ကြ
ကိုယ်တို့ ရှေ့ကလမ်းများ ။

နည်းနည်းလေးမှ မလှတော့ပါ
နည်းနည်းလေးမှ မလန်းတော့ပါ ။

ခုတော့ သူမဟုတ်လို ရန်ကုန်ပေါ့
မိုးများ ...များများရွာချ
မိုးရေထဲ ပုပ်ပွနံ့ဟောင်နေဆဲဖိနပ်တွေ ။ ။

                မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ