Thursday, March 26, 2015

ညနေခြောက်နာရီခွဲ ပြီးတဲ့နောက်


ဒီညဟာ
လျှပ်စစ်မီးများကလည်း သိမ်ငယ်စွာတိုးဖျော့ခဲ့ပေါ့

ဒီညဟာ
အိမ်အိပ်မက်များစွာကို ပြန်သတိရရင်း
လမ်းဘေးဓာတ်တိုင်များစွာကို မော့ကြည့်ဖြစ်ခဲ့ပေါ့

ဒီညဟာ
ဒီညထက်ပိုပြီး ဝေဆွေးစွာပိုမှောင်ခဲ့ပေါ့

ညရေ...
ငါကိုယ်တိုင် လလေးတစ်လ မဖြစ်ခဲ့တော့
ကြယ်ပွင့်သေးသေးကို ချစ်မက်ခဲ့ရုံပါ
ငါ့ကို မှောင်ပါ ည
ငါ့တစ်ယောက်တည်းကို မှောင်ပါ

ငါ့ကြေကွဲမှုအလင်းနဲ့
ငါ့တစ်ယောက်တည်းကို ကွက်လို့မှောင်ပါ...ည ။ ။
 


မောင်ရေချမ်း
24.3.2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ