Thursday, March 26, 2015

မိုးရွာပြီးသော ညကရေတွေ


ကြာခဲ့ပါပြီ
အဲဒီ့ညက ရွာခဲ့မိုးကတော့ သည်းတုန်းပဲ
လေပြင်းထဲမှာ နိုင်ငံတော်အလံဆိုတာ တဖျတ်ဖျတ်တုန်ခါလို့

လေပြင်းထဲမှာအာဟာရမဲ့လမ်းတွေဟာပိုင်းပြတ်ေ
ကြမွလို့
မိုးသည်းလို့ ကျောင်းသားများကျောင်းမသွားခဲ့ရ
မိုးသည်းလို့ လက်လုပ်လက်စားတွေဟာပုဝပ်နေခဲ့ရ
မိုးသည်းလို့ ရေစီးမှာ ပညာတတ်ဖိနပ်တွေဟာ မျောပါသွား

ကြာခဲ့ပါပြီ
မိုးသည်းထဲမှာ စာရေးဆရာကဗျာဆရာတွေက မိုးကိုဆဲတဲ့ကဗျာတွေစာတွေပစ်ပေါက်ခဲ့ကြ
မိုးသည်းထဲမှာ ကျောင်းဆရာတွေက ကျောင်းခေါင်မိုးပေါ်ရောက်လာတဲ့ မိုးပွင့်တွေထုခွဲချေမွခဲ့ကြ

မိုးစက်တွေဟာ မိုးပေါ်ထောင်ရွာရိုးမရှိဘူးတဲ့
တဝေါဝေါပြိုကျလာ
အဲဒီ့မှာ မြက်လေးတွေရေနစ်ပြီးရေငတ်ခဲ့ရရှာ
အကြောက်သီးတွေ တဒိုင်းဒိုင်းသီးထလို့
လမ်းမတွေပေါ်မိုးရေမစိုသောဖိနပ်များဖြတ်သွားဖြတ်လာပေါ့

ကြာခဲ့လေပြီ
မိုးမျှော်တေးကို မဆို
မိုးတိတ်တေးကို တိတ်တိတ်လေးဆိုခဲ့သူတွေများခဲ့ပြီ
မိုးကသည်းတုန်းနဲ့
တရားမျှတမှုကောင်းကင်ဟာ မိုးရေစီးကြောင်းထဲမှာ ပါသွားခဲ့တာ ကြာလေပြီ

ဂျွန်လင်နွန်ရေ...မစ္စတာဂျွန်လင်နွန်
လောကထဲကို ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်လောက်ထပ်ပစ်ချစမ်းပါ
အဲလိုအော်ဟစ်တောင်းဆိုဖို့ရာ
ဂျွန်လင်နွန်ဟာ မရှိတော့ပါ ။ ။

မောင်ရေချမ်း
၁၄ နိုဝင်ဘာ ၂၀၁၄

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ