Thursday, March 26, 2015

မင်းနဲ့ ငါနဲ့ မက လူငယ်အားလုံးရဲ့တေး


အိုကေပါ သူငယ်ချင်း
တစ်ကမ္ဘာလုံးဝယ်သိမ်းဖို့ မတတ်နိုင်ရင်တောင်
လက်ဖက်တစ်ခွက်ဖိုးတော့ရှိတယ်ဆိုတဲ့စိတ် ငါတို့လာခဲ့ကြ
အဲသလို ဘဝကို စခဲ့ကြ

သူငယ်ချင်း မင်းက မင့်အိတ်ကပ်ကိုယောင်ပြီးစမ်းတယ် ငါက အိတ်ကပ်မပါတဲ့အကျီ င်္တွေချည်းရွေးဝတ်ခဲ့ရတာ ကြာလှပေါ့
ငါတို့ရဲ့ အဆင်မပြေမှုကို မြစ်လိုချောင်းလို တဝေါဝေါသွန်ချ ငါတို့ရဲ့ရှေ့အဘိုးအိုတစ်ယောက်ရဲ့ခွက်ထဲမှာတော့ဖျားခဲ့ရ
သူငယ်ချင်း လူဟာ ကိုယ့်ဒုက္ခကိုယ်ပဲတွေးတယ် ပြီးရင် ကိုယ့်ဒုက္ခကိုယ်မွေးပြီး ဧရာမပြဿနာကြီးလို ကမ္ဘာကြီးကြားအောင်အော်ဟစ်လို့
ခွဲပစ်လိုက် ဗန်ဒါသီးလေးကွဲသွားမှ ဗန်ဒါစေ့လေး စားရသလို ခွဲပစ်လိုက် သူများမျက်ရည်နဲ့မှ ခြေဆေးတတ်တဲ့လူတွေရဲ့ခေါင်းတွေကို
သူငယ်ချင်း ရဲရဲအော် ရဲ.. ရဲ အော်ပစ် သူငယ်ချင်း မင်းအော်သံ ငါ့အော်သံက ငရဲပြည်သွားဖို့ပြင်နေတဲ့ခွေးလေခွေးလွင့်များ ခြောက်ခြားဖို့
ဝမ်းမနည်းပါနဲ့ ...ငါတို့က ကောင်းကင်က လကိုမှ လှတယ်ထင်ခဲ့ကြရဲ့မဟုတ်လား လမသာတဲ့ညဆို ထရိုက်ခွဲဖို့မဟုတ်လား
ကြည့်စမ်းပါ ဟော .. ဟိုမှာ အိတ်ကပ်ထဲက နာကျင်သမျှလမ်းတွေကိုထည့်လို့ ရသမျှ အမှန်တရားကို ကုတ်ခြစ်လို့ ငါတို့လို အော်ဟစ်နေကြသူတွေ အများသားမဟုတ်လား။ ။ 

မောင်ရေချမ်း
1.3.2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ