Sunday, July 26, 2015

လူသွားလမ်းကလေး



နောက်နှစ်ပေါင်းများစွာကြာရင်
ပိုရင်နာစရာတွေ လာမလား
ဓားကိုဆောင်ထားမှ အသက်ဓာတ်ဟာ အဓိပ္ပာယ်ရှိမှာလား
ဒီလိုဆို...ဓားနဲ့သာ ထိုးစိုက်ချလိုက်ပါတော့
ဒဏ်ရာကိုပဲ "ဒါလူသားအမှတ်အသား"လို့ ဂုဏ်ယူကြပါတဲ့
လူသွားလမ်းကလေးက သင်ကြားခဲ့ပါတယ်

လူသွားလမ်းကလေးရဲ့တေးကို
လမ်းနံဘေး ပန်းပွင့်လေးတွေက ရနံ့မွှေးစွာ ဆိုခဲ့တယ်။

လူသွားလမ်းကလေးမှာ
တိရစ္ဆာန်တွေ ဖြတ်သန်းသွားတော့လည်း ကြည်ဖြူခဲ့
ဒါပေမဲ့...တိရစ္ဆာန်သွားလမ်းကလေးလို့ အမည်မတွင်ခဲ့ပါဘူး
လူသွားလမ်းကလေးဟာ လူသွားလမ်းကလေးသာဖြစ်တယ်။

မိတ်ဆွေများရေ...
လူသွားလမ်းကလေးအကြောင်း သတင်းပေးခဲ့ပါပြီ
ဘဝတောတောင်တွေကြား
ခြေညောင်းလောက်အောင် လျှောက်သွားပြီးရင်
လူသွားလမ်းကလေးအတိုင်းပဲ
လူလို သူလို ပြန်ကြပါစို့။ ။

                                           မောင်ရေချမ်း
                                        28/June/2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ