Monday, July 27, 2015

ကြင်နာခဲ့သော စနိုက်ပါသမားများ။မျက်ရည်တွေ အကြာကြီးကျစေတဲ့ ငါတို့ရဲ့နိုင်ငံတော်ဈာပနဆိုတာ ကျော်ကြားလွန်းသည့် ကြယ်များ

အလင်းနှစ်များစွာက လာခဲ့ရ
အကြာကြီးလင်းတဲ့ လထက်လှသောကြယ်များ။
နာမည်ကြားတာနဲ့ ကြင်နာချင်ကြတယ်။
ဆုံးရှုံးမှုကိုပဲ ဖူးမြော်မဆုံးဖြစ်ရတယ်။
နှမြောဖွယ်။

အာဟာရဖြစ်ဖွယ်သီချင်းဟာ
အခုပြောတဲ့ကြယ်တွေရဲ့အလင်းက ရတယ်။

နာမည်ကိုတောင် သီချင်းလုပ်ဆိုဖွယ်
စနိုက်ပါသမားဟာ အဲဒီကြယ်ဖြစ်တယ်။


စနိုက်ပါတစ်လက်အနေနဲ့
ကိုင်တဲ့လက်သေချာရင် လိုချင်ရာခေါင်းကိုရမယ်

သေနတ်တိုင်းဟာ မသတီဖွယ်လူသတ်လက်နက်မဟုတ်ဘဲ
သုံးတတ်သူများအတွက် ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘကိုကယ်နိုင်တဲ့ ရိုသေစရာရတနာဖြစ်တယ်
စနိုက်ပါသမားဟာ ဒုတိယစိတ်ထားနဲ့သေနတ်ကို သုံးခဲ့ပါတယ်
ကျည်ကို အလကားမဖြုန်းခဲ့သူဖြစ်တယ်

စနိုက်ပါသမား။
ကြုံတဲ့ခေတ်မှာ ကျစ်လစ်စွာကြိုးစားခဲ့
စနိုက်ပါသမား။
မတရားမှုကို ကြိုးပေးသတ်ခဲ့
စနိုက်ပါသမား။
ကျော်ကြားထင်ရှားသူ လူသား

ကမာ့္ဘမြေပုံရဲ့နာကျင်ဖွယ်နေရာကို ကျလာတယ်
နေကိုမော့မကြည့်ဘဲ ကုန်းထခဲ့တယ်
လူ့ဘဝကို အကြာကြီးကြည့်ဖို့ အချိန်မရဘူး
အများ သူငှာပျော်ဖို့ပဲ
သူ့လက်နဲ့ ကောင်းကင်ပြာအောင် ပြင်ခဲ့ပါတယ်

စနိုက်ပါသမားရေ
စနိုက်ပါသမား
လိုချင်တာကိုယူဖို့ လက်ဖြောင့်သူကြီးရေ
ရိုးသားတဲ့ရိက္ခာနဲ့ သေနတ်ပစ်တတ်သူကြီးရဲ့
ကျနော်တို့ ငိုနေရတာ အကြာကြီးဖြစ်ခဲ့ပြီ

ကျနော်တို့ ငိုနေရတာ
ကမ္ဘာ့အကျယ်ဆုံးပင်လယ်ကြီးထွန်းခဲ့ပြီ

ကျည်တစ်တောင့်မပစ်ဘဲ လိုချင်တာပစ်နိုင်ခဲ့ပြီးမှ
အများသူငှာအတွက် သူ့နိုင်ငံကို ကယ်ခဲ့ပြီးမှ
ရမ်းပစ်လိုက်တဲ့ကျည်များမှာ သူ့အသက်ရှူရပ်သွားသလား
စနိုက်ပါသမားရေ
စနိုက်ပါသမားရဲ့
လာခြင်းကောင်းသူ သေနတ်ကိုင်သူကြီးရဲ့
သေနတ်ကိုင်လက်များကို သွန်သင်ခဲ့သူကြီးရဲ့

ကျယ်ပြန့်လွန်းတဲ့စကြဝဠာရယ်
ကျပ်တည်းတဲ့ကမ္ဘာအတွက် ဒီကြယ်ကိုပစ်ပေးခဲ့သလား

စနိုက်ပါတစ်လက်ရဲ့စိတ်ဝင်စားဖွယ်တွေမှာ
ပင်ပန်းဆင်းရဲခဲ့တဲ့စစ်ပွဲတွေ ပါခဲ့တယ်
စနိုက်ပါသမားပေါင်းများစွာဟာ
အဓမ္မကို အသက်ပေးပြီး အဆုံးသတ်ခဲ့ပါတယ်
အခု ပြောချင်တဲ့အကြောင်းဟာ
သိပ်ခေါင်းစားစေတဲ့စနိုက်ပါသမားရဲ့သတင်းပါ

အဲဒီနေ့ကပဲ နိုးကြားတဲ့နေ့ ပြန်ရသလို
သေပြီးသူများအတွက်
ဘယ်တော့မှ မသိုးတဲ့သောကတွေနဲ့ နေ့မှာ
သိမ်းထားပြီးသေတ္တာများထဲ
တမ်းတမှုတွေ ထပ်ပစ်ထည့်တဲ့နေ့မှာ
လူတွေ ကိုယ့်မိုးနဲ့ကိုယ် စိုကြတဲ့နေ့မှာ
ဖာထေးထားတဲ့ဝတ်စုံနဲ့
စနိုက်ပါသမားဟာ ရောက်လာခဲ့တယ်

ဓားပြဆို နဖူးကသွေးဖြာသွားစေတဲ့စနိုက်ပါသမား
မှောင်နေတဲ့မတ်စောက်သောညအဆောက်အဦးပေါ်
မာမာထန်ထန် ခြေသံနဲ့ပြေးတက်လာခဲ့တယ်
သူ့အရိပ်ကိုတောင် ဖြူခနဲမမြင်ရ
စနိုက်ပါသမားရဲ့လျင်မြန်မှုဟာ လှစ်ခနဲ
လှိုင်းလိုလုံးထွေးနေတဲ့လူအုပ်ထဲ ပစ်မှတ်ကို ရှာခဲ့သလား
စနိုက်ပါသမားရဲ့လက်ညှိုးမှာ ယုတ်မာသောဦးခေါင်းတွေ ချိန်ထိုးခံရသလား

မြင့်မြတ်တဲ့လူများကို ဦးချရာနေ့မှာ
ယုတ်ညံ့တဲ့အသက်များကို နုတ်ယူဖို့
စနိုက်ပါသမားဟာ ကိုယ်ထင်ပြသလား

ကျည်ကို တစ်တောင့်ချင်း
ခေါင်းကို တစ်လုံးချင်း
မိုက်ရိုင်းတဲ့မျက်နှာတွေကိုမြေမြှုပ်ဖို့လား

ဒိုင်းခနဲ အသံ မလာမချင်း တချို့တွေ မကြောက်
ရိုသေတတ်သူတွေဟာ
သူတို့ကို လူဖြစ်အောင်လုပ်ပေးသူတွေကို တလူလူဦးချအပြီးမှာပဲ
မလိုလားတဲ့လူစုကြားကနေ ကျည်တစ်တောင့်ဟာ ဝေ့ထွက်လာခါ မျောက်မျက်နှာကောင်ရဲ့အသက်ကို ယူသွားခဲ့
ဒါ စနိုက်ပါသမားရဲ့လက်ချက်လေလား

သုံးစားမရပေမယ့် သေမှာကြောက်သူတွေ
အဲဒီလူတွေဟာ ပြာယာခတ်

သေနတ်ကိုင်တွယ်ကြသူများအတွက်လည်း
သေခြင်းဟာ ကျည်တောင့်လိုနဖူးကို ဖောက်ဝင်လာမယ်
ကြောက်တတ်သူတွေအား
ရဲရင့်သူစနိုက်ပါသမားဟာ လှောင်နေမလား

စနိုက်ပါသမားကို ရှာကြ
စနိုက်ပါသမားကို ရှာကြ
စနိုက်ပါသမားကို ရှာကြ

ကြည်ညိုသူတွေဟာ ကိုးကွယ်ဖို့နဲ့
ကြောက်တတ်သူတွေဟာ ကာကွယ်ဖို့
စနိုက်ပါသမားကို ရှာကြ

စနိုက်ပါသမားဟာ
ဒိုင်းခနဲအသံထပ်ပေးပြီး ဝှစ်ခနဲပေါ်လာပြန်တယ်
စနိုက်ပါသမားကို အလန့်တကြားရှာဖွေဖို့
လုံခြုံရေးအဖွဲ့တွေဟာ မြို့ထဲမှာ ဝုန်းဒိုင်းကြဲ

အဲဒီနိုင်ငံက
နှစ်ပေါင်းများစီးနေတဲ့ငေးဖွယ်မြစ်ထဲ
ရွက်ဖျင်ပေါ်မှာ လွတ်လပ်မှုလို့ရေးထားတဲ့လှေ
အဲဒီလှေပေါ်မှာ စနိုက်ပါသမားကို တွေ့တယ်

စနိုက်ပါသမားမှာ သေနတ်မပါတော့ဘူး
စနိုက်ပါသမားဟာ လှုပ်ရှားမှုမရှိတော့ဘူး
ငြိမ်းချမ်းတဲ့နတ်သားလို ခန္ဓာကိုယ်ဟာ မျောလို့

စနိုက်ပါသမားကို မလိုလားသူတွေတောင်
"စနိုက်ပါသမားရေ"လို့အော်ပြီး ဆယ်ယူကြရှာ
တစ်ကမ္ဘာလုံးဟာ ကြားရတဲ့သတင်းကို အံ့သြဖျားနာကြပြီး
ယုတ်မာသူဦးခေါင်းများကို ပစ်ခတ်ပေးဖို့
ဖြောင့်မတ်တဲ့စနိုက်ပါတစ်လက်ကို တိုင်တည်ကြတယ်
ဒီကမ္ဘာထဲ
စနိုက်ပါသမားပေါင်းများစွာ ရောက်လာခဲ့ပါတယ်
ကျနော်ပြောတဲ့စနိုက်ပါသမားကတော့
တန်ခိုးရှင်လို ရောက်လာပြီး
တန်ခိုးရှင်လို ပြန်ထွက်သွားခဲ့တယ်
စနိုက်ပါသမားအကြောင်းဟာ လူတိုင်းကို ခေါင်းစားစေပါလိမ့်မယ်

စနိုက်ပါသမားရေ
စနိုက်ပါသမားရဲ့
စေတနာကြီးမားလွန်းသူကြီးရဲ့
ကျနော်တို့ ဝမ်းနည်းငိုကြွေးခြင်းဟာ ထာဝရအသက်ရှင်သူအတွက်သာ ဖြစ်ခဲ့ပါတယ်

လူတွေ။လူလိုသူလို လူတွေ။
 နှစ်ပေါင်းများစွာက သေဆုံးခဲ့သော
မြင့်မြတ်တဲ့သူရဲကောင်းများစွာ အတွက်သာပဲ
ကျနော်တို့ဟာ နှစ်တိုင်းမှာ နိုင်ငံတော်ဈာပနကို
ငိုကြွေးမျက်ရည်များ တမ်းတလို့ ကျင်းပခဲ့ကြတယ်။
အံ့သြဖွယ်ကြယ်များဟာ
ပြန်သွားတဲ့အခါ နိုင်ငံတော်ဈာပနဖြစ်တယ်။
သိပ်သိမ်မွေ့လွန်းတယ်
သိပ်ကြီးကျယ်မြင့်မားတယ်။

လွမ်းတတ်သူတို့ ငိုဖို့
ကြယ်အစစ်များ။
ကျန်ရစ်သူများ ရောဂါရသလို တမ်းတစရာ
မျက်ရည်များ။
နိုင်ငံတော်ဈာပနအဖြစ်ခမ်းနားစွာ။

                                မောင်ရေချမ်း
                             19-24 / July / 2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ