Sunday, July 26, 2015

ဘယ်နေရာမှာ ဖင်ချရမှာလဲ


ဖင်ချဖို့ နေရာလိုတယ်
လုံလောက်တဲ့နေရာမှာ ချကြမယ်
ဘယ်နေရာမှာ ဖင်ချရမှာလဲ
အဲဒီမေးခွန်းက ကွိုင်တက်စေတယ်မဟုတ်လား
တချို့အတွက် ဖင်ချစရာနေရာရှားတယ်
ဘယ်သူတွေ ဖြေရှင်းပေးမလဲ
ဖင်ကို ရွံစရာထင်သူမှာလည်း ဖင်ပါတယ်
သူ့ဖင်သူသနားနေတော့ ရယ်စရာကောင်းတယ်
သူတို့ရော ဖင်ချစရာနေရာလုံလောက်ရဲ့လား
ဖင်ကိုမှရိုင်းတယ်ထင်ရင် ဝမ်းနည်းပါတယ်
လူဦးရေတိုးတက်လာတယ်
ဖင်ချဖို့နေရာက ကျဉ်းကျဉ်းလာရော
လွယ်လွယ်နဲ့လွတ်နေတဲ့နေရာမှာ ဖင်ချလို့မရ
ဖင်စုတ်စုတ်ပဲ့တွေက နေရာယူပြီးသားပါ
ဖင်ကြောင့်ဒုက္ခပါပဲဆို ဖင်ကိုလှီးပစ်မလား
ထိုင်ခုံများ တချို့ဖင်များ အခန့်သားဆိုတော့
တန်ဖိုးရှိတဲ့ဖင်တွေ ဘယ်နေရာမှာ ထိုင်ချမလဲ
ဘုရားသခင်က လူကို ဖန်ဆင်းတယ်
ဖင်ဟာ အရေးကြီးအင်္ဂါအနေနဲ့ ပါလာတယ်
ဖင်ချစရာမရှိလို့ ဒုက္ခများသူတွေရှိပါတယ်
အဲဒီဖင်တွေက ဘုရားသခင်ကို ဒေါတင်းတယ်
တချို့ကတော့ ဖင်မပါသလိုနေကြပါတယ်။ ။

                                           မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ