Tuesday, August 18, 2015

ငါ့ငယ်သူငယ်ချင်း စစ်တက္ကသိုလ်ကျောင်းဆင်းပြီးတဲ့အခါ


တစ်ယောက်တည်း စိတ်ပျက်ဝမ်းနည်းလာတဲ့အခါ
ဟိုး..တုန်းက ဓာတ်ပုံကို ထုတ်ကြည့်ဖြစ်တယ်
ငါ့ငယ်ဘဝဟာ ဆေးသားပြယ်လွင့်လာ
တစ်ယောက်နဲ့တစ်ယောက်
အသံမြည်ရုံကျိုက်ထီးရိုးသေနတ်တွေနဲ့စစ်ဖြစ်တမ်းကစားခဲ့ကြ

အားခနဲအော်ပြီးကားခနဲ မင်းလဲကျသွားချိန်
ငါ့မှာ မျက်ရည်စို့ခဲ့ရ

အခုတော့ တစ်ယောက်နဲ့တစ်ယောက်က
နယ်ပယ်ကျင်လည်ရာချင်းခြားလို့
စစ်ဖြစ်နေရပေါ့

ငါ အားခနဲအော်ပြီး ကားခနဲလဲကျသွားချိန်မှာ
မင်းမျက်ရည် ငါ့အတွက်စို့ဦးမှာလား

မင်းတို့ကိုင်ထားတာ
ကျိုက်ထီးရိုးသေနတ်မှ မဟုတ်ဘဲကွာ။ ။

                              မောင်ရေချမ်း
                     30March2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ