Tuesday, June 21, 2016

အထီးကျန်လို့ ထ ကနေတဲ့တီရှပ်


လွမ်းရင် နောက်ဆုတ် ၊ ချစ်ရင် ရှေ့တိုး နဲ့လာ
တောင်တန်းမှန်သမျှ ဒီခြေထောက်ကို နမ်းရတယ်
ပင်လယ်မှန်သမျှ ဒီသေးနဲ့ပဲ အကုန် ငန်ရတယ်
ဂရုမစိုက်နဲ့ ဂရုမစိုက်ဘူး အေး လုံးဝ ဂရုကို မစိုက်
ခဲခြစ်ငွေဖြည့်ကဒ်ကို ခြေသည်းနဲ့ပဲ ချစ်လိုက်တယ်
ငွေနံ့ရရင်ကို သေနေ့စေ့စမ်း ကြီးကျယ်လိုက်ကွ
စာအုပ်လှန်ထားတာ တစ်ကိုယ်တော်
သ်ီချင်းအသစ်ဆိုတာ တစ်ကိုယ်တော်
ဖုန်းကို ရိုက်ခွဲတာ တစ်ကိုယ်တော်
စကြဝဠာဟာ လမ်းဆိုရင် လာခဲ့စမ်းပါ
လမ်းမှန်သမျှ ဖိနပ်နဲ့ ပြေးနမ်းလိုက်ဦးမှ ရတယ်
ကိုင်ထားတဲ့အလံ မလဲဘူး ဟေ့ ရှေ့ကိုထွက်ခွာ
ဆုပ်ထားတဲ့အသံ မနွမ်းဘူး ဟေ့ ရှေ့ကို တိုးမြဲ
ချောက်ထဲ ကျသွားရင်ကို ပြန်ထပြီးမှ သေမယ်
ဘယ်ကောင်မိုက်သလဲ လုံးဝကို မေးစရာမလိုသော
ကမ္ဘာကြီးကို သနားတဲ့သတ္တိ ငါ့မှာ ရှိနေပါတယ်
မနှင်းဦးဝေ သို့မဟုတ် မစိတ်ပုပ် ။ ။


                                        မောင်ရေချမ်း
                                  15 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ