Thursday, June 23, 2016

အသက်မဲ့နှိုးစက်


နာကျင်မှုမှန်သမျှ ဘယ်သူမှခံစားရပါစေနဲ့က စတယ်
နိုဝင်ဘာ ၊ ဒီဇင်ဘာ
သတိဆွဲဖို့မေ့တဲ့နေ့ရက်များ
ခလုတ်မှားနှိပ်မိတဲ့အခါ ဒီငရဲလွှာအထိ။

ခွဲစိပ်အထူးကု
စက်ပစ္စည်းတပ်ပေးထားစမ်းပါ
ဟော့ဒီ နေရာရဲ့ တစ်ခုလုံးထုတ်ပြီး
 စက်ပစ္စည်းနှလုံးတစ်ခုနဲ့ပဲ အသက်ရှူပါရစေ
ဒဏ်ရာတစ်ခုကို တွေ့တဲ့လူတိုင်း ရယ်မောပါစေ
ရယ်သံကို အတုလုပ်နေရသော ရက်များ လများ နှစ်သို့ချီ
မင်း ရယ်နေတာ ဘာအကြောင်းကြောင့်လဲ
မင်း ရယ်နေတာ ဘယ်သူ့နာကျင်မှုလဲ
မပျော်ရဲတဲ့အထိ လွမ်းမိသောကျိန်စာ
ဇန်နဝါရီ ဖေဖော်ဝါရီတွေ မရှိတော့တဲ့အထိ
ပြက္ခဒိန်ပေါ်မှာ မရှိတော့တဲ့အထိ
အေးး ဆွဲဆုတ်ယူသွားးးးးး
ကိုယ့်ငရဲကိုယ်တူးနေခြင်းက မေတ္တာဆို ငိုမယ်
ဘုရား... ဘုရား
အကုသိုလ်တေးသွားများက ဆွဲဆောင်လှချည်ရဲ့
မင်းမရှိလည်း နေရောင်ရှိတယ် အားတင်းရင်းကို
နက်ရှိုင်းတဲ့အမှောင်ထဲ တက်ရခက်တယ်
အေးခဲနေတဲ့စာတစ်လုံးက
ဆွဲကြိုးချသေဖို့ ပစ်ပေးခံလိုက်ရတဲ့ကြိုးခွေ
ဘုရားရှိခိုးတယ် ဒဏ်ရာတွေ ရေတယ်
မေတ္တာပို့တယ် အမျှဝေတယ်
ကိုယ့်အုတ်ဂူလေး ကိုယ် ငေးတဲ့အထိ ငါ ရှိခဲ့တယ်
မင်း ဘယ်မှာလဲ
ဥာဏ်မရှိတော့ဘူး ဒီကောင် ရူးပြီအထိ
ကြေကြေကွဲကွဲမေးမိတယ် မင်း ဘယ်မှာလဲ။ ။

                                 မောင်ရေချမ်း
                             4 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ