Tuesday, June 21, 2016

မမုန်းတတ်သူရဲ့ မစိတ်ပုပ်


2011ခုနစ်ရဲ့ နေရောင်ခြည်ကို 201986
စပြီး မဆုံးတဲ့အခါ
လမ်းကြားကို ဖြတ်သွားတိုင်း
မြက်ပင်လေးတွေကို ငေးတယ် ကျောက်စရစ်ခဲလေးတွေကို တယုတယစီချတယ်။

ကျွန်တော့်စက်ဘီးလေးက
အခုထိ ကျန်းမာရေး ကောင်းတယ်
တကယ်တော့ သေမလို ရယ်စရာတွေဟာ
နောက်ခုံလေးကို ငေးပြီး လမ်းဖြတ်ကူးတဲ့အခါတိုင်းပေါ့
တကယ်တော့ ရယ်ရသလို သေစရာတွေဟာ
ကားမောင်းသူတွေက လူပေါင်းများစွာဆဲလည်း အရေးမကြီးတော့ပါ ။

လူတစ်ယောက်ဟာ လူတစ်ယောက်ကို သတိရပါတယ်
သတိရခံရသူအတွက် သတိရနေသူရှိကြောင်း မသိခြင်းက
ကြည်နူးပေါ့ပါးခြင်းတွေ ဖြစ်နေနိုင်ပါတယ်။
စစ်ပွဲအတွင်းမှာ မဟာမိတ်တွေလို ဖြတ်သန်းခဲ့ပြီးမှ
စစ်ပွဲပြီးတဲ့အခါ ရန်ဘက်တွေ ရင်ဘတ်ချင်းဝေးခဲ့တာ
အချိန်တွေသာ နှမြောစရာကောင်းတယ်ဆို
နှမြောစရာအချိန်တွေကိုပဲ ကျွန်တော် ပြန်လွမ်းပါမယ်
ဒါကို ဆုံးရှုံးမှုနဲ့ ဖြုန်းတီးမှုလို့ ဆိုကြပါ
ကျွန်တော့်အနေနဲ့တော့ ကျိန်စာသင့်မှုတစ်ခုပါပဲ။
ကောင်မလေး မစိတ်ပုပ်။ တရုတ်စာသင်တန်းသွားတယ် ဘတ်စ်ကားမှတ်တိုင်များ ၊ စီးကရက်မသောက်နဲ့
တနင်္ဂနွေကျရင် ရုပ်ရှင်သွားကြည့်ကြရအောင်
ကြောက်ရင် ဖက်ထားနော်
နင် ဘယ်လျှောက်သွားနေတာလဲ
မြေနေရာကျယ်ကျယ် ၊ ဒန်းပါတဲ့အိမ်လေး။
အခု ချက်ချင်း ဖုန်းခေါ်စမ်း
ဒူးရင်းသီး စားချင်တယ် ၊ တော်ရင် ဆုချ အနမ်း
အမြဲ အမပဲ စောင့်ရတယ် ၊ အင်တာနက်ဆိုင်
ပိုက်ဆံစုပါ ၊ ရန်မဖြစ်စမ်းပါနဲ့ စူပုပ်နေတာ
ဒီအင်္ကျီလေးနဲ့ အမ လိုက်ရဲ့ လား
ဒေါက်ဖိနပ် ၊ စာအုပ်တွေ ။ စောစောအိပ်နော်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ။ မငိုနဲ့။
လမ်းထိပ်အထိ လိုက်ပို့ပေးလေ ။ ထီးဆောင်းထား။
ချစ်တယ်ကွာ ချစ်တယ်ကွာ ချစ်တယ် ဟေ့
တကယ်တော့...
တ..ကယ်....တော့...လေ
သွားကွာ...သွားကွာ
အားးးးး
သွား....ပါ
အောက်ပီ...ဟာ
ငါ သေသသသသ
ကောင်မလေး မစိတ်ပုပ်ရယ်
အမရယ်
နင် ပိန်လာတယ်
(အစစအရာရာ အဆင်ပြေနေတဲ့အခါ အတူတူသောက်ခဲ့တဲ့ ထောပတ်သီးဖျော်ရည်ကို မေ့သွားနိုင်ပါတယ် ။)
မင်း ဘာတွေ လျှောက်လုပ် နေတာလဲ
တခြား.......
အားနေရင် စာအုပ်ဖတ်
ဘယ်ဖုန်းကို ဆက်ရမှာလဲ ဘယ်...ဖုန်း...ကို..ဆက်
နင် ချစ်တာကိုလည်း မသိချင်တော့ဘူး
အရူး ၊ နင် တစ်သက်လုံး ဒီတိုင်းပဲ နေမှာလား
ကျွန်တော် ကြိုးစားနေပါတယ်
ကျွန်တော် အလုပ်တွေ လုပ်နေပါတယ်
(အတူတူသောက်ခဲ့တဲ့ ထောပတ်သီးဖျော်ရည်ကို မေ့သွားခြင်းကပဲ အစစအရာရာ အဆင်ပြေစေမယ်ဆိုရင်
မင်း ပျော်ရွှင်ပါစေ
ထောပတ်သီးဖျော်ရည်ခွက်ထဲမှာတော့
ကျွန်တော် အခုထိ နေထိုင်နေပါတယ် ။)

                                                            မောင်ရေချမ်း
                                                      3 May 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ