Tuesday, June 21, 2016

ပင်လယ်ထဲ ပြုတ်ကျသွားတဲ့ အစိမ်းရောင်လ

ဘယ်သူတွေလဲ
ရယ်ချင်ယောင်ဆောင်ရင်း သေကုန်ကြတာ
ဒီကမ္ဘာမှာ ဘယ်သူတွေလဲ
မရှုံးဘူး ပြောရင်း ထောက်ထားတဲ့ဒူးတွေပွန်းတယ်
စကားမဲ့ဒဏ်ရာတွေ မြောင်းထဲ တသောသောစီးလို့
ပတ်ဝန်းကျင်ကို ငေးကြည့်နေတာ
မငိုတတ်တော့ဘူး
မရယ်တတ်တော့ဘူး
ဓာတ်ပုံထဲမှာ ပြုံးပြမိတယ် နာကျင်မှုပါပဲ
လူတစ်ယောက် ရှိတယ် ဘယ်သူလဲ
လူအများကြီး ရှိတယ် ဘယ်သူတွေလဲ
မနက်ဖြန်တိုင်းဟာ စနေနေ့ဖြစ်တယ်
မဟုတ်သေးဘူး မဟုတ်နိုင်ဘူး
ထောပတ်သီးဖျော်ရည်ရဲ့ သောကြာနေ့ ဖြစ်မယ်
နာရီတွေ ငိုနေသလား
ပြဿနာ တက်နေပါပြီ
ဝေးတဲ့ကြယ်
အနီးကပ် လာလင်းနေတယ်။ ။


                                 မောင်ရေချမ်း
                            11 May 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ