Tuesday, June 21, 2016

စာတိုက်ပုံးကို ဗုံးခွဲခြင်း


စာအိတ်နဲ့သေချာထည့် ဖုန်းကို
ဖုန်းကို ငိုအောင် စက္ကူစာအိတ်ထဲ ထည့်လိုက်ပြီကွ
လက်နှိပ်စက်တွေ စစ်ရှုံးကုန်ပြီးနောက်
လေထဲမှာ ပါးစပ်ဟစရာမလိုတဲ့ ဆွေးနွေးပွဲ
ချက်ဘောက်ကို ဖွင့်ရုံနဲ့စလိုက်
ဖြစ်ကိုဖြစ်ကုန်ပြီ
မဖြစ်ရဘူးလေ
စာအုပ်တွေကို စက္ကူနဲ့လုပ်ထားတာ မဟုတ်ဘူး
အွန်လိုင်းပေါ်ကနေတဆင့် ရုပ်ရှင်ရုံထဲဝင်တယ်
ပလီပလာနဲ့ ရွနေတာပေါ့
ဖလန်းဖလန်းကို ထနေတာပေါ့
ထူးချွန်သောအတင်းအဖျင်းများကို ကျော်ခဲ့
သဘောင်္ပေါ်မှာ ကိုလိုနီခေတ်ပြန်သွားပြီး
လေယာဉ်ပျံနဲ့ သူ ပြန်လိုက်လာပုံရတယ်
တယောသံကို အင်တာနက်ထဲ ရှာဖွေလို့
ကျောက်ခေတ်လူသားနဲ့ကွန်ပျူတာကီးဘုတ်ရယ်
ဝေးတော့တာပဲ
နှင်းဆီတွေပွင့်ပြီ ဆိုလို့
ကလစ်တစ်ချက်ထောက်ပြီး ကြည့်ရတယ်
ငါ ချစ်သော တမာရွက်နဲ့ငပိရည် ။ ။


                                    မောင်ရေချမ်း
                              26 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ