Thursday, June 23, 2016

နေ့လည်စာ


လစ်ပါ မင်းနဲ့
ထားခဲ့ပါ မင်းကို
ဒိုးချင်စိတ်ပျောက်တဲ့အထိ ခရီး
ကိုယ့်စက်ဘီးက နောက်ပြန်လည်တယ်
ရှေ့ဆက်သွားရင် ခြေထောက်နဲ့လမ်း ကောင်းဖို့
ဘရိတ်အုပ်တော့လည်း မင်းရှိမှ
ချိန်းကြိုးကျလည်း မင်းမရှိတော့
ကယ်ရီယာခုံလေးအငွေ့ပျံမှာ စိုးလို့ ကိုယ် ဖြုတ်ပြီ
စက်ဘီးလည်း လွမ်းဖို့ဆို ပိုက်ဆံလာလိုနေလို့
ရက်ရက်ရောရောပေါင်ထားလိုက်ပြီ
မင်း ရှိမှ စက်ဘီးမရှိလည်း လမ်းရှိလွန်းတယ်
မရှိတာ စက်ဘီးရှိပြီး လမ်းပြာကျသွားတဲ့ ခွေကျစစ်ပွဲ ၊
ပိုပိုလိုလို ဒီနေ့အစား ဟိုတုန်းကတည်း ကိုယ် ငိုခဲ့
အိမ်ထဲ စာအုပ်ထဲ ပန်းပွင့်
ရက်စွဲသောကြာကို ခုန်ကျော်လာသော
မိုးနင်္ဂါးရဲ့ စနေကို ရောက်တိုင်း ကိုယ် ပျော်ရွှင်မှု
များပြီ တနင်္ဂနွေ ။ ။


                             မောင်ရေချမ်း
                           3 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ