Monday, August 22, 2016

ပြုံးနေတဲ့ ဘုရားရှင်ကို ငါတို့က သွားရောက် ရန်စဖျက်ဆီးတဲ့အခါ


ငါတို့ သေရတယ်
ဘုရားရှင်ကို စိတ်မဆိုးတတ်ဘူးထင်လို့ ဖြစ်ဖြစ်ပေါ့
ဘုရားရှင်ကို ဖင်ယားပြီးရန်လိုဖျက်ဆီးချင်လို့ ဖြစ်ဖြစ်ပေါ့
"ဟေ့ကောင်ရေ. Fuck You " လို့ ကျူးကျော်ဆဲကြည့်တဲ့အခါ
ဘုရားရှင်ဟာ ပြုံးတယ်
ဘုရားရှင်ရဲ့အပြုံးပဲ အေးဆေးပဲကွာ လို့တွေးမိရင် ခက်မယ်
ပြောရရင်တော့..
စကားမပြောတတ်တဲ့ဘုရားရှင်အစစ်ဟာ ပြုံးတယ်
အဲဒီနောက်
စကားမပြောတတ်တဲ့ဘုရားရှင်အစစ်ဟာ ပြုံးရမှာ ပျင်းသွားတဲ့အခါ
လူသတ်သမားလို မျက်နှာထား တည်သွားလိမ့်မယ်
" Fuck You " ကို " Fuck You " နဲ့ ပြန် တုံ့ပြန်လိမ့်မယ်
လူသားတွေ ကိုးကွယ်တဲ့ ဘုရားတွေဟာ သေတဲ့ဘုရားများ
သူ့ဘာသာနဲ့ သူ့သဘာဝနဲ့
တရားရှိနေသူ သဘာဝသာ ရှင်သန်နေတဲ့ ဘုရားပဲဖြစ်တယ်
တကယ်တော့...
ငါတို့ ကိုးကွယ်ရာ ဘုရားသေတွေကိုတောင် ဘုရားရှင်က မွေးဖွားခဲ့လို့
သဘာဝဟာ အားလုံးကို မွေးဖွားခဲ့သူ မိဘပမာ ဖြစ်တယ်
မေတ္တာပြည့်ဝတဲ့ လူသားဘုရားသေတွေဟာ
သူတို့ကို " Fuck You " လို့ ဆဲသူတိုင်းကို ခွင့်လွှတ်ပေးပေမယ့်
ရိုးသားတဲ့ သဘာဝဘုရားရှင်ကတော့
"ငါ့ကို ရန်လာလိုသူ ၊ ငါ့ ရန်သူ " လို့ စကားလုံးမဲ့ပြန်ပြောတယ်
ဘုရားရှင်ဟာ တောအုပ်
တောအုပ်ကို ခုတ်တဲ့အခါ
ငါတို့က ဘုရားရှင်ရဲ့အသားကို စားတာဖြစ်တယ်။
ဘုရားရှင်ဟာ မြစ်၊ ချောင်း ၊ ပင်လယ်
မြစ် ၊ ချောင်း ၊ ပင်လယ် ကို ညစ်ပတ်အောင်လုပ်တဲ့အခါ
ငါတို့က ဘုရားရှင်ကို သေးနဲ့ကော့ပန်းတာ ဖြစ်တယ်။
ဘုရားရှင်ဟာ ငါတို့နေထိုင်ရာ ကမ္ဘာ
ငါတို့နေထိုင်ရာ ကမ္ဘာကို ဖျက်ဆီးဖို့ လုပ်မိတဲ့အခါ
ငါတို့က ဘုရားရှင်ကို ၀ိုင်းကိုအဖဲဖျက်ကြတာ ဖြစ်တယ်။
ဘုရားရှင်ဟာ ငါတို့ တည်ရှိရာ စကြ၀ဠာ
စကြ၀ဠာကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့ အခါ
ငါတို့က ဘုရားရှင်ကို ဂရုမစိုက်ပဲ ပစ်ထားတာ ဖြစ်တယ်။
ရှည်လျားတဲ့တန်ခိုး ဂုဏ်တော်အနန္တကို တိုတိုပြောရရင်
ဘုရားရှင်ဟာ အရာရာအားလုံးရဲ့ပိုင်ရှင်သဘာဝပဲဖြစ်တယ်
အဲဒါကြောင့် သဘာဝကို ပြစ်မှားတာ တရားကို ဆဲတာပဲဖြစ်တယ်
သဘာဝတရားကို ရန်စခြင်းမှာ
ဘုရားရှင်ကို " Fuck You" လို့ ဆဲသံဖြစ်ပေါ်တယ်
ဘုရားရှင်က ဒီတိုင်း မနေ " အေးကွ Fuck You ပဲ" လို့ ပြန်ဆဲတော့
ငါတို့ သေတယ်
ငါတို့..ငါတို့..သေတယ်
ငါတို့ရဲ့ ငါတို့ ဒုက္ခနဲ့ သေကြ အေး သေကြ သေကြပါတယ်။
သဘာဝက အစားကျွေးတဲ့အခါ
ငါတို့ဟာ ဘုရားရှင်ရဲ့ပါးစပ်ထဲ အီးအီးတွေ ပြန်ပါချတယ်
သဘာဝက ရေတိုက်တဲ့အခါ
ငါတို့ဟာ ဘုရားရှင်ရဲ့မျက်နှာပြင်ပေါ် ရှူးးရှူးတွေ ပြန်ပန်းချတယ်
ငါတို့ စွန့်ပစ်တဲ့ အညစ်အကြေးမှန်သမျှကို
နွေးထွေးစွာ သိမ်းထားပေးသူကို ငါတို့ ချစ်မက်ရမယ်
သစ်တောတွေခုတ်တော့
"အေးကွာ တရားမရှိ ဥာဏ်နည်းဘိ ငမိုက်သားတွေ " လို့
အပြစ်မဆိုဘဲ သဘာဝတရားက ငြိမ်နေခဲ့သေးတယ်။
မြစ်တွေ ကောအောင် ဆည်တွေ ဆောက်တော့
" အေးကွာ သောက်သုံးမကျတဲ့ဦးနှောက်တွေ ဘာလုပ်နေလဲ" လို့
မမေးဘဲ သဘာဝတရားက ငြိမ်နေခဲ့သေးတယ်။
တောင်တွေ ဖြိုတော့
" အေးကွာ ငါ့ကို သတ်ရင် မင်းတို့ သေမယ် " လို့
သတိမပေးဘဲ သဘာဝတရားက ငြိမ်နေခဲ့တယ်။
ငါတို့ လူသားတွေဟာ လူပါးသိပ်ဝတယ်
ငါတို့ လူသားတွေဟာ ဆင်ခြင်ဥာဏ်နည်းကြတယ်
ငါတို့ လူသားတွေဟာ ကျေးဇူးမဲ့တဲ့အရိုင်းအစိုင်းတွေ ဖြစ်ကြတယ်
ငါတို့ လူသားတွေဟာ
ဘုရားရှင်အဖြစ် တရားပလ္လင်နဲ့နေထိုင်တဲ့သဘာဝကို စော်ကားကြတယ်
ဘုရားရှင်ကို လက်ခလယ်ထောင်ပြတော့
ဖြူစင်တဲ့ဘုရားရှင်ဆီ လက်ခလယ်ထောင်ပြခြင်းကို လက်ဆောင်ပြန်ရတယ်။
ငါတို့ရဲ့ မှားယွင်းမှုဟာ ရန်ပြန်မူခံရတဲ့အခါ
အော်ကြ ဟစ်ကြ ကယ်ပါ ယူပါ အသံများ။
ငါတို့ရဲ့ မှားယွင်းယုတ်မာမှုဟာ ပြန်တုံ့ပြန်ခံရတဲ့အခါ
ငိုကြ ယိုကြ ငါတို့ရဲ့ကူကယ်သူမျှော်မျက်ရည်စက်များ။
သဘာဝဘေးအန္တရာယ်တိုင်းဟာ
သဘာဝဘုရားရှင်ရဲ့ အကြောင်းနဲ့အကျိုး တရားမှုတွေ
မီးလောင်လည်း ငါတို့ သေရတယ်
ရေကြီးလည်း ငါတို့ သေရတယ်
အကြောင်းနဲ့ အကျိုးမှာ
သဘာဝတရားဟာ အကြောင်းမဲ့ ငါတို့ကို မနှိပ်စက်
ငါတို့ရဲ့ဒုက္ခမှန်သမျှ ငါတို့ ယူဆောင်ခဲ့တဲ့အရာများက ဖြစ်တယ်။
ပြုံးနေတဲ့ ဘုရားရှင်ကို မကိုးကွယ်ချင်ရင်တောင်
ဘုရားရှင်ရဲ့တရားကို မြင်တဲ့ ဘုရားသေလေးတွေကို ကိုးကွယ်ရတယ်
ငါတို့ လူသားတွေဟာ ကိုးကွယ်ရာရှိကြတယ်
ငါတို့ တွေဟာ ရိုင်းစိုင်းမှုအဖြစ် လက်ခလယ်ထောင်လို့
ငါတို့ တွေဟာ လေးစားကြည်ညိုမှုအဖြစ် ဦးချရှိခိုးလို့
ဘာလိုပဲဖြစ်ဖြစ်
တိကျတဲ့နိယာမနဲ့ သဘာဝက နေထိုင်တယ်
အကြောင်းအကျိုးနဲ့ ဘုရားရှင်က တုံ့ပြန်တယ်
ဘုရားရှင်ဟာ " Fuck You " ကို " Fuck You" လို့ပဲ ပြောတော်မူလို့
ဘုရားရှင်ဟာ လေးစားမှုကို လေးစားမှုနဲ့ ပြန်ဖော်ပြတတ်လို့
သဘာဝရဲ့ဖောက်ပြန်မှုဆိုတာဟာ
ငါတို့ရဲ့ ဥာဏ်နည်းစွာပြုမူမှုများကြောင့် ဖြစ်တယ်။
ဘုရားရှင်ကို ဖားချင်ရင်
ငါတို့ဟာ သစ်ပင်စိုက်ရမယ်
ဘုရားရှင်ကို ဖားလို့ အသက်ပိုရှင်ချင်သေးရင်
မြစ် ချောင်း ပင်လယ်များကို ဂရုစိုက်ရမယ်
ဘုရားရှင်ရဲ့သဘောက ငါတို့ သဘောပါပဲ
သဘာဝတရားက ငါတို့ကို စကားလုံးမဲ့ပြောနေတယ်
ငါတို့ဟာ ကမ္ဘာမှာ နေထိုင်ရှင်သန်ခွင့်ရချင်သေးရင်
ငါတို့ ကိုယ်တိုင် ကမ္ဘာကို ထိန်းသိမ်းစိမ်းစိုဖို့ လုပ်ရမယ်
မဟုတ်ရင် ငါတို့ သေရမယ် မဟုတ်ရင် အားလုံး သေရမယ်
မဟုတ်ရင် တစ်ကမ္ဘာလုံး သေရမယ်
ဟုတ်ရင်လည်း အားလုံး အချိန်တန် သေကြရလိမ့်မယ်
ဒီလိုပဲ သဘာဝဘုရားရှင်က တရားပြထားတဲ့အခါ
ငါတို့ ဟာ ငိုကြွေးပြီး မသေချင်
ငါတို့ဟာ ဒုက္ခဘေးအန္တရာယ် ကြုံပြီး မသေချင်
ပျော်ပျော်ရွှင်သေချင်တဲ့အခါ
ငါတို့ဟာ အော်ဟစ်လိုက်ကြရုံပါပဲ
"သဘာဝကို ဖျက်ဆီးသူ ၊ ငါတို့ရဲ့ ရန်သူ "
သဘာဝကို Fuck You ဆဲသူ ၊ ငါတို့ ပြန်ဆဲရမယ့်သူ"။
သဘာဝဘေးအန္တရာယ်ဖြစ်ပျက်ပြီးတိုင်း
ဘုရားရှင်ဟာ မကယ်တင်ဘဲ
ငါတို့ဟာ ငါတို့ ကယ်တင်ရတယ်
ဘုရားရှင်ဟာ
ငါတို့ကို ဒုက္ခမပေး ၊ ငါတို့ရဲ့ဒုက္ခကိုလည်း မကူညီပေး
သူ အထာနဲ့သူ နေထိုင်တဲ့သူကို ရန်သွားစတဲ့အခါ
ငါတို့ကို ပြုံးပြီးပညာပြန်ပြတယ်
သူ့အပြုံးဟာ သိမ်မွေ့လျှို့ဝှက်လို့
သူ့အပြုံးမှာ ငါတို့အမြဲရှုံးတယ်။
ငါတို့တွေ ကိုးကွယ်တဲ့လူသားဘုရားတွေရဲ့ဆရာအဖြစ်
သဘာဝတရားဟာ ရွေ့လျားရှင်သန်နေဆဲဖြစ်တယ်
ငါတို့ လူသားတွေဟာ ယုတ်မာသူတွေဖြစ်တော့
တစ်ရံတရံမှာ ရွေ့လျားရှင်သန်မှုကို မေ့ထားကြသူတွေ ဖြစ်တယ်
ဘာဖြစ်သေးလဲ
အေး ဘာဖြစ်သေးလဲကွ
ငါတို့က မာနနဲ့မှ လူပီသတယ်ဆိုတော့
ငါတို့ ပြောချလိုက်တယ်
သဘာဝတရားက ဘုရားရှင်မကလို့ ဘုရားရှင်အမေလင်ဖြစ်ဖြစ်
ငါတို့ ရန်စခဲ့လို့ ငါတို့ ဒုက္ခခံရတယ်
ဒီတော့ ငါတို့ ပြန်ထမယ်
အေး ငါတို့ ဘာသာ ငါတို့ ပြန်ထတယ်
ဘာပဲဖြစ်ဖြစ် စော်ကားမိသမျှ တောင်းပန်ဖြစ်တယ်
နောက်နောင်အနာဂတ်ဆို သဘာဝကို ချစ်မှရမယ်
ခုလောလောဆယ်
လူချင်းချင်းဝေတဲ့ထမင်းလုတ်တွေရဲ့မေတ္တာတရားအင်အားနဲ့
အေး မင်းလောက်တော့ ငါတို့ ဆဲနိုင်ပါသေးတယ်
ထပ်ဒုက္ခပေးရင် မျက်ရည်တွေကို သေးလို ပန်းထုတ်ရဦးမယ်
ဒါပဲကွာ
Fuck You သဘာဝဘေးအန္တရာယ်
ငါတို့ မျက်ရည်စက်တွေကို မင်း ပြုံးပြုံး ရယ်ရယ်
Fuck You ပဲကွ Fuck You ပဲ သဘာဝဘေးအန္တရာယ်။ ။

                                                               မောင်ရေချမ်း
                                                       19 August 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ