Tuesday, August 23, 2016

တောအုပ်ထဲက ကမ္ဘာ


အပြေးမြန်တဲ့ စမ်းချောင်းလေးဟာ
ရေလှိုင်းတွေ တဖော့ဖော့နဲ့ အသံပေးလို့
ငှက်ကလေးကို တရားဟောတယ်

အသံကောင်းတဲ့ ငှက်ကလေးဟာ
စမ်းချောင်းလေးရဲ့တရားကို
တေးသွားအဖြစ် သီဆိုဖို့ သစ်ပင်ပေါ်မှာ နားတယ်

သိမ်ငယ်တတ်တဲ့ သစ်ရွက်ကလေးတွေဟာ
နေရောင်ခြည်ထဲ...ငှက်တို့ရဲ့တေးကို နားဆင်လို့
အောက်စီဂျင်ကို လူတွေ ရှူဖို့ လှူလိုက်တယ်

ကြမ်းတမ်းတဲ့ ပုဆိန်တစ်လက်ဟာ အားယူရင်း
ရက်စက်တဲ့ လူတစ်ကောင်က လေကို ရှူ ရှိုက်ရင်း
သစ်ပင်ကြီးကို ရိုက်ပုတ်သတ်ဖြတ်လိုက်တဲ့အခါ...၊

သစ်ရွက်ကလေးများ နာကြည်းလေပြီ
ငှက်ကလေးခမျာ ငိုရှာပြီ
စမ်းချောင်းလေးက ကြည်လင်စွာ ရေမစီးတော့ပြီ ။ ။

                                မောင်ရေချမ်း
                               7 July 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ