Wednesday, September 21, 2016

မစိတ်ပုပ် ( 0 )


တွေ့ကြုံသမျှ နေရောင်ခြည်
ကခုန်ချင်တဲ့သီချင်းကို ပိတ်တယ်
ခရီးထွက်မယ် သွေးတိတ်ပြေတဲ့နေ့
ပျော်ရွှင်အဆင်ပြေပါစေ
မိတ်ဆက်ပေးလိုက်တဲ့နာမည်
မျက်ခုံးမွှေးပေါ်မှာ ဖိနပ်ရာကျန်ခဲ့ပြီ
အပျော်တွေ ပန်းထွက်လာ
ပန်းတွေ အင်္ကျီပေါ်မှာရှိတယ်
ဓားတန်းလန်းဒဏ်ရာက
ဘေးမှာ နောက်မှာ ရှေ့ မှာနဲ့
နဖူးပေါ်တင်ထားခဲ့တာ
စာအုပ်တွေထဲ ပြန်ခေါင်းစိုက်
အသက်အရွယ်က သိုင်းကျမ်း
ပြက္ခဒိန်တွေ အီဆိမ့်နေရောပဲ
စီးကရက်တစ်လိပ်ပြီး တစ်လိပ်
ဖန်ပုလင်းလေးထဲမှာ စာတွေရှင်နေပြီ
အစ်မ။


မောင်ရေချမ်း
30 March 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ