Friday, September 30, 2016
ဘူဇွာလူတန်းစားကို အီးတုံး​ကျွေးခြင်း
အခုလို စိတ်​ကြည်​လင်​​ပေါ့ပါးတဲ့ အချိန်​ခါသမယမှာ
ငါဟာ ​သောက်​ကျင့်​ယုတ်​တယ်
သောက်​ကျင့်​ယုတ်​တဲ့ ငါဆိုတဲ့ အ​ကောင်​ဟာ
လူတန်းစား​တွေကို ခွဲခြား​နေမိတယ်
လူ့အဆင့်​အတန်းကို ​ရေကြည့်​​တော့ ရယ်​ရတယ်
ရယ်​ရ​တော့ အမြဲလိုလို ဆဲချရတယ်
ငါဟာ ​အောက်​တန်းစား​ပေါ့
အောက်​တန်းစားဖြစ်​ခြင်းမှာ
အ​ကောင်းစားစုတ်​ပြတ်​တဲ့ ဘဝ​တွေကို စာနာလို့
ငါဟာ ​အောက်​တန်းစားကဗျာ​တွေ ​ရေးသားတယ်
ငါ ​ရေးတဲ့ ကဗျာ​တွေဟာ
ဘူဇွာလူတန်းစားကို အီး​တုံး​ကျွေးမှုဖြစ်​တယ်
ငါတို့ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
တစ်​​နေကုန်​ ဆိုက္ကားနင်းတဲ့ ငါ့​ဘော်​ဒါက
မြန်​မာကျပ်​​ငွေ​လေး​ထောင်​ ရသတဲ့
လူ့ဘဝက ​လေး​ထောင်​တန်​ ဖြစ်​တယ်
ငါတို့ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
တစ်​ညလုံး ဟိုဟာ လုပ်​ခံရတဲ့ ဟို​ကောင်​မ​လေးက
မြန်​မာကျပ်​​ငွေ​ခြောက်​​ထောင်​တဲ့
သူ့ဟိုဒင်းက ​ခြောက်​​ထောင်​​ပေါ့​လေ
သူ့ညက အ​မှောင်​​ပေါ့​လေ
ဘယ်​​ခေတ်​မှာမဆို ရဲ​တွေဟာ ဖာ​ခေါင်း​တွေနဲ့ အတူတူ ဖြစ်​တယ်
အဲဒါ​တွေကို ဘူဇွာလူတန်းစားက မသိ
မသိတဲ့ ဘူဇွာလူတန်းစား​တွေကို ငါ​ပြောပြတယ်
ပြောပြလို့ မရတဲ့ ဘူဇွာလူတန်းစား​တွေကို​တော့
အဲဒီ​အောက်​တန်းစားအီးတုံး​တွေ ​ကောက်​​ကျွေးတယ်
ငါတို့်ရဲ့ ​အောက်​တန်းစားဘဝ​တွေမှာ
မရှိတာက အီးတုံးဆန်​​သော ချမ်းသာမှုဖြစ်​ပြီး
ဒုက္ခများတာက ဒုက္ခကို ဘယ်​နားသွားထားရမှန်း
မသိခြင်း မသိခြင်း မသိခြင်းပဲ ဖြစ်​တယ်
မရှိလို့ ပညာမသင်​ရတဲ့က​လေး​တွေဟာ မသိကြ
အဲဒီ မသိတဲ့က​လေး​တွေဟာ ​အောက်​တန်းစားအဖြစ်
ဘူဇွာလူတန်းစားရဲ့ ​ကျေးကျွန်​​တွေ အချိန်​တန်​ရင်​ ဖြစ်​ကြတယ်
အဲဒါ​ကြောင့်​ ငါဟာ ​အောက်တန်း​လေး​တွေအတွက်
ကဗျာဆိုတဲ့ဟာကို ​ရေးသားစီရင်​ချင်​လာ​တော့
ကျွန်​လုပ်​အားနဲ့ လည်​ပတ်​​နေတဲ့
သောက်​သုံးမကျတဲ့ ကမ္ဘာကြီးကို ရီး လို့ ဂုဏ်​ပြုတယ်
သောက်​ကိုယ်​ချင်းစာတရားမရှိ ဘူဇွာလူတန်းစား​တွေကို 
အောက်​တန်းစား​တွေရဲ့  အီးတုံး​တွေစားဖို့
ငါ ဟာ တိုက်​တွန်းတယ်
ငါ နှလုံးက ခုန်​​နေတယ်
ပျော်​လွန်းလို့ကွာ ။ ။
                                            1 Oct 2016
No comments:
Post a Comment
နှစ်သက်စွာ ခံစားနိုင်ပါစေ