Friday, September 30, 2016

တို့ ဘတ်စ်ကား

တို့ဘတ်စ်ကားဟာ ငါ့ဘတ်စ်ကား မဟုတ်ဘူး
တို့ဘတ်စ်ကားဟာ တို့ဘတ်စ်ကားပဲ ဖြစ်တယ်
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးတော့
မှတ်တိုင်တွေ အများကြီး ခရီးရောက်မှာပေါ့
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးတော့
လစ်ရင် လစ်သလို အလစ်သုတ်မယ့်ကောင်တွေ ရှိမှာပေါ့
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးကြီးတော့
သီချင်းသံတွေလည်း ပါတယ်
ပျော်ဖို့ ဟာသလည်း ရတတ်တယ်
လိုက်မလား လိုက်မလား လိုက်ရင် လာ ၂၀၀
တို့ဘတ်စ်ကားကြီး ပျော်ပျော်စီးကြီးတော့
ရီးဖြစ်တဲ့ပိုက်ဆံတွေ အကုန်သက်သာတာပေါ့ကွာ
တို့ဘတ်စ်ကားကြီးပေါ်မှာလေ
အိပ်ငိုက်လို့မရတဲ့ မောင်းသူဟာ တာဝန်ကျေဖို့လိုတယ်
တို့ဘတ်စ်ကားကြီးပေါ်မှာလေ
တက်စီးကြသူတွေဟာ အန္တရာယ်ကင်းဖို့လိုတယ်
ခရီးသည် အချင်းချင်း ကိုယ်ချင်းစာတဲ့အခါ
တို့ဘတ်စ်ကားကြီး စီးရတာ ပျော်စရာပေါ့
လမ်းပိတ်နေလည်း တို့ ဘတ်စ်ကားကြီးဟာ လမ်းပေါ်မှာဖြစ်တယ်
အေးဆေးစီး ၂၀၀
သွားချင်တဲ့မှတ်တိုင်အထိ ၂၀၀
သာသာယာယာပဲ ဟော ...အခုကို ရောက်လာပါပြီ
တို့ ဘတ်စ်ကားကြီး။ ။


                             မောင်ရေချမ်း 
                           1 Oct 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ