Wednesday, September 21, 2016

စောညီ အလွမ်းပြေ

ရေနံချေးတွေနဲ့ ၀ဖြီးနေတဲ့ အဆောင်ထဲမှာ
ငါနဲ့ ငါ့သူငယ်ချင်းတွေ အားလုံး လှတယ်
မုန့်စားဆင်းချိန်အထိ စာလုပ်နေတဲ့ကောင်တွေ
အဲဒီလိုကောင်တွေကို ဝေးဝေးကရှောင်ဖို့
ငါတို့ အချင်းချင်း သတင်းပေးကြ
တကယ်က
မင်းတို့ ပျင်းပြီဆို ပြန်လို့ရပြီ လို့ ပြောတဲ့
ကျောင်းဆင်းခေါင်းလောင်းသံမှာ အပျော်ဆုံး
ငါ့ထီးနဲ့ ကောင်မလေးတစ်ယောက်ရဲ့ထီးကို
အနမ်းပေးခဲ့ဖူးပါတယ်
မိုးစက်တွေရဲ့ ကိုးတန်းကျောင်းသားဘ၀မှာ ။ ။


မောင်ရေချမ်း
20 September 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ