Wednesday, September 21, 2016

ရခိုင်ထမင်းသုပ်နောက်နေ့


ငါးကင်ပေါ်က နေ့ဖြစ်တယ်
စားပွဲပေါ်မှာတင်ထားပြီးနောက်
ငါ မင်းအတွက် စိုက်မယ့်သစ်ပင်တွေကို
ငါ ကိုယ်တိုင် ခုတ်ပြီး
မင်း(တို့)အတွက်သက်သက်လက်ဆောင်ပေးတယ်
သင်္ဘောသီးအတွက် နေ့မရှိတော့ဘူးဆိုရင်
လက်ပံပွင့်နဲ့ခွေးရူးတစ်ကောင်နဲ့နေ့ဖြစ်တယ်
ငါ ကမ္ဘာမရှိတော့ဘူးဆိုရင်
မင်း(တို့)ကမ္ဘာထဲ မဝင်ဘဲ မီးသီးတွေတပ်ပေးတယ်
အသက်ကြီးလာသလို အမှားကြီးပြင်းတယ်
ဒဏ်ရာမရှိဘဲ ဖြူစင်တဲ့အချစ်ကြီးပြင်းတယ်
အချစ်ကို ငါးကင်ပေါ် ကင်ထားလိုက်မှ
အချစ်ကို ထမင်းသုပ်လို မစားဘဲမှာမိလိုက်မှ
အချစ်ကို ခွေးကိုက်ခံရသလို ကာကွယ်ဆေးထိုးလိုက်မှ
ဓာတုဗေဒပညာမှာ လူမသိအောင်သတ်နည်းတွေ
မသတ်ရက်လို့ သေတတ်ကြောင်းပဲ ပြောပြရတယ်
စနေထောင့်ရောက်ရင် ငါ ဦးချနေမှာပါ
ဘာဖြစ်ဖြစ် ချစ်တယ်နဲ့စတယ်
ဘာမဖြစ်ဖြစ် မုန်းတယ်နဲ့ မဆုံးစေရဘူး
ငါ မဘာဖြစ်လည်း တခြားဘာဖြစ်မှာပါ
ဘုရားအဆူဆူဖူးပြီးရင်
မင်း(တို့)အတွက် ငါ လှူထားမယ့်ပန်းတွေရှိနေမယ်
ရည်စူးဖူးခဲ့တယ်
ငါ မီးလောင်နေချိန် ၊ သူများ အေးချမ်းပါစေ။ ။


မောင်ရေချမ်း
19 March 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ