Saturday, September 24, 2016

ဘတ်စ်ကား ခြောက်မှတ်တိုင်

မချစ်ဘူးကွာ
ဆံနွယ်စတွေ ခါယမ်းလိုက်တဲ့အခါ
သံတိုင်အစုတ်အပဲ့ပေါ် ၀ဲလွင့်သွား
မချစ်ဘူးကွာ
ကမ္ဘာအေးဂမုန်းပွင့်မှာ ဆင်းသွားတဲ့အခါ
နေရာလွတ်တစ်နေရာ ကျန်ရစ်ခဲ့
ခွဲာခွာခြင်းကို တရားမှတ်နေမိ
မင်းမျက်နှာကို မမြင်ရလို့ လှတယ်
မချစ်ဘူးကွာ
လက်မောင်းပေါ်မှာ မှဲ့နက်လေး
သွေးကြောစမ်းချောင်းများနဲ့ လက်ခုံနုဝါ
မချစ်ဘူးကွာ
လက်သည်းခွံပန်းနုက ပင်လယ်ပြင် ရန်စလို့
ကားဟာ အချိန်ကို ဖြတ်ကျော်တာ မြန်ဆန်လွန်းစွာ။ ။


မောင်ရေချမ်း
24 Sep 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ