Wednesday, September 21, 2016

ကဗျာဆရာတစ်ယောက်


ပြက္ခဒိန်ပေါ်မှာ လမ်းက ရှင်းနေလိမ့်မယ်
ဝါးပင်တွေကို ဂီတသံနဲ့ ဖျော်ဖြေလျက်
ကျေးဇူးတင်ကြောင်း မမေ့ချင်ဘူး
သူ့မျက်နှာ မမြင်ခင်ကတည်းက ချစ်ခင်ခဲ့ပြီးသား
လေးစားတယ်
ငါး ငါးချင်း လည်းမယှဉ်နိုင်ဘူး
ခြောက်လောက်တော့ ရယ်ပြနေလိမ့်မယ်
ခုန် ခုန် နေတာပဲ
ဝါကျတွေ လန်းလို့ စကားလုံးတွေတောင် သူ့ဆီကြွေ
ခေတ်တစ်ခေတ်လုံးကို မမေ့မလျှော့တာ
သူ့အချစ်သူ သစ္စာရှိကြောင်း ဖော်ပြနေပုံရတယ်
စာရွက်ပေါ်မှာ ပုံတူဆွဲကာ
မင်း မြင်လား မမေးဘဲ ငါ ဒါမြင်တယ် သူပြောနေသလို
နိုင်ငံတော်တစ်ခုမှာ နိုင်ငံသားအတုမဟုတ်တာ
သူ့လို ကဗျာဆန်သူတစ်ယောက် ဖြစ်တယ်
ကမ္ဘာတစ်ခုမှာ ကမ္ဘာသူကမ္ဘာတွေ လန်းဆန်းတာ
သူ့လို ကဗျာ့နှလုံးသား ဖြစ်တယ်
ကိုယ့်ရင်ဘတ်ကို ဓားနဲ့ပါးပါးလေးမွှန်းတယ်
ထွက်လာတဲ့သွေးနဲ့ပဲ ပျော်ရွှင်ကြောင်းကဗျာရေးလို့
အားလုံးလည်း တကယ်ပျော်ရွှင်ရပါတယ်
သူ့ကဗျာတွေ အခုတလော မတွေ့တာ
ကဗျာတွေဆီ ဆက်လျှောက်နေပုံပဲ
ကဗျာတစ်ပုဒ်ကျလာရင် ငရဲကြီးရှစ်ထပ်လည်း လှပြီ။ ။


မောင်ရေချမ်း
8 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ