Wednesday, September 21, 2016

ငါ့မှာ သားလေး ရတဲ့အခါ ဖတ်ပြဖို့ ကဗျာ

မင်း အသက်နဲ့အမျှ ကြီးထွားသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ကြီးထွားနေလို့
မင်း အချိန်နဲ့အမျှ ရှင်သန်နေသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ရှင်သန်နေလို့
ကလေးရယ်
ရှင်သန်နေတဲ့ အချိန်တိုင်းမှာ
သေဆုံးနေတဲ့လူလို မင်း သာ ငြိမ်သက်နေပါစေ
မင်းကို ဘယ်လှိုင်းကမှ မရိုက်ခတ်။ ။

မောင်ရေချမ်း
26 August 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ