Wednesday, September 21, 2016

စကပ်ထဘီနဲ့ ဆံပင်အရှည်နဲ့ သီလရှင်မလေး


အချစ်က ပြောခဲ့တယ်
နာရီလက်တံလေးတွေကို စိန် ရွှေ ရတနာလို ကြည့်ဖို့
အချစ်က ပြောနေတယ်
နာရီလက်တံလေးတွေပေါ် အလင်းပွင့်ကြီးကြီး ထွန်းဖို့
အချစ်က ပြောနေဆဲ
နာရီလက်တံလေးတွေထဲ ကျိုးကြေအိပ်မငိုက်ဖို့
ကန်သာယာ
မေယု
သုဓမ္မာလမ်းမကြီးအထိ
မိုးရေထဲ ထီးကလေးမိုးလို့
အအေးဆိုင်များစွာ အချစ်ရဲ့ အသံသာယာခဲ့ ။
"ငါ့ကို ချစ်ရင် အလုပ်လုပ်ရင်း သူများကို ချစ်ပါ
နင့်အတွက် ငါဆိုတာကိုက သူများပဲလေ"
ဆွမ်းမကပ်မိဘဲ အချစ်ဆီက တရားနာခဲ့ရတယ်
အချစ်က ပြောနေသေးတယ်
ပန်းပွင့်များ တိမ်များကအစ အချစ်ရှိမှ မြင်ရ
ပင်လယ်တိုင်းမှာ မုန်တိုင်းတွေမပါဘူး
ကျွန်တော် ရူးခဲ့ဖူးတာ ဝန်ခံပါသည်။ ။

မောင်ရေချမ်း
2 March 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ