Wednesday, November 2, 2016

ဖက်ရှင်ကျကျတစ္ဆေများ

ဖက်ရှင်ဆိုတာ
တစ္ဆေတိုင်းမှာ ရှိတဲ့အခါ
သေသေသပ်သပ်နေထိုင်မှုနဲ့
ခြောက်လှန့်ရတော့တာပဲ
တစ္ဆေတွေဟာ စကားမပြော
သွေးနံ့ကိုလည်း မခံနိုင်
ဖက်ရှင်ကျကျ နေထိုင်လို့ပဲ
ညထဲမှာ ထွက်ထွက်ကဲ ကြတယ်
တီးလုံးက လှလွန်းတဲ့အခါ
အိမ်ပြန်နောက်ကျလေ့ရှိပါတယ် ။ ။

                                မောင်ရေချမ်း
                              2 Nov 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ