Saturday, November 26, 2016

အငတ်ဘေး


အဲဒါ ဘာလဲ ဆိုပြီး
ကိုယ့်အသားကိုယ် ဖဲ့စားဖို့ မလွယ်ကူဘူး
ရေတွေဟာ အန်ထွက်လာတယ်
ခြောက်ကပ်အူတွေဟာ ရေရဲ့နူးညံ့မှုကို ငြင်းတယ်
အစာမရှိသူအတွက်တော့
ရေတစ်ခွက်က အားမဖြစ်ဘဲ သေဖို့ ကျည်ဆံ
တဒိုင်းဒိုင်းကို မှန်တယ်
ပစ်မှတ်ဟာ ရူးသွပ်မှုဖြစ်တယ်
အစာပေးပါ မအော်တော့ဘူး
ကျည်ဆံတွေ ပေးပါချည်းပဲ အော်နေတော့တယ်
စစ်ပွဲကနေ အငတ်ဘေးကို မွေးထုတ်လိုက်တဲ့အခါ
ငတ်မွတ်သူတွေဟာ ကျည်ဆံတွေကို ဝါးစားလိုက်ကြတယ်
လျှာပေါ်မှာ သေနတ်တွေ ပေါက်နေပြီ
မပစ်နဲ့ ။ ။

 
                                       မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ