Thursday, November 3, 2016

အသံလိပ်စာ သုံးခု

သူဋ္ဌေးကြီး ရှေ့ ရောက်သွားတဲ့အခါ
သူဋ္ဌေးကြီးကို မမြင်ဘူး
မက်မောစရာဗုံးတွေလို
ငွေပုံကြီးကို မြင်မိလို့
ရွံရှာကြောက်လန့်စွာ ထွက်ပြေးမိတယ် 


ကျောင်းဆရာ ရှေ့ ရောက်သွားတဲ့အခါ
ကျောင်းဆရာကို မမြင်ဘူး
ချစ်စရာစာရွက်တွေနဲ့
ပညာစာအုပ်ကို မြင်မိလို့
စာမျက်နှာရင်ခွင်ထဲ ၀င်ခွေမိတယ်

ဘုရား ရှေ့ ရောက်သွားတဲ့အခါ
ဘုရားကို မမြင်ဘူး
ကြည်နူးပျော်ရွှင်ဖွယ်ရာ
တရားကိုသာ နာရလို့
သီချင်းဖွင့်ပြီး ကခုန်မိတယ် ။ ။

                                             အိုထူး
                                      11 Nov 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ