Saturday, November 26, 2016
တံတိုင်း​ပေါ်က စာက​လေး
မနက်​ခင်းကို ပိုမို ချစ်​စရာ​ကောင်း​အောင်
ပယိ ပယိ ပယိ အသံ​တွေ​လောင်းချတယ်
သောက ခပ်​သိမ်း ကင်းကြပါ​စေ
ပယိ ပယိ ပယိ သီချင်းနဲ့ ​နေကြိုတီးဝိုင်းပမာ
ပျံသန်းဖို့ သူတို့ အ​တောင်​​တွေ စတယ်
သစ်​ရွက်​က​လေး​တွေ အိပ်​​ရေးဝပြီလား
ပယိ ပယိ ပယိ ​မေးခွန်းချိုချိုနဲ့ လှမ်းနှုတ်​ဆက်​လို့
တံတိုင်း​ပေါ်က​နေ တံတိုင်းအ​ဝေး
မနက်​ခင်းမှာပဲ နူးရွှင်​စွာပျံသန်း​ပြေးသွားပါပြီ
သန့်​ရှင်းသူ ချစ်​စရာ့စာက​လေး။ ။
No comments:
Post a Comment
နှစ်သက်စွာ ခံစားနိုင်ပါစေ