Sunday, May 1, 2022

လူတန်းစားနံ့

ကျန်ခဲ့တယ် လမ်းသွယ်လေးတွေရဲ့ဘေး နေထုတ် လှမ်းထားတဲ့ အဝတ်ဟောင်းတွေဆီက ဝရန်တာမှာ ဖုန်ခါထားတဲ့ ခြေသုတ်ဝတ်တွေဆီက ဘတ်စ်ကားပေါ်က လက်ကိုင်ကွင်းတွေမှာ တစ်ခါတလေ အငှားယာဉ်ပေါ်မှာ ရပ်ကွက်လေးတွေရဲ့စျေးတွေထဲက ဘုရားပန်းတွေဆီကနေလည်း ထွက်လာလို့ ဝက်သားခုတ်တဲ့မိန်းမကြီးဆီက ရတာနဲ့ အဲဒီဘုရားပန်းတွေဆီက ရတာလည်း အတူတူပဲ ချွေးနံ့သက်သက် မဟုတ်ဘဲ သွေးပါ ပါတယ် သေချာရှူကြည့်ရင်တော့ အူ အသည်း ကလီစာ အဆုပ် အားလုံး ဖောက်ထုတ်ပြီး လမ်းပေါ် ပစ်ချခံထားရသလို အနံ့ အဲဒီအနံ့ ကိုယ်တိုင်မေ့နေပြီး ကိုယ်တိုင်ဆီက ထောင်းထောင်းထအောင် ရနေတဲ့အနံ့။။ မောင်ရေချမ်း