Sunday, April 16, 2017

- လသာ တရုတ်တန်းဘက်က ဖာသည်မ -


"တစ်ခါတုန်းကပေါ့" လို့ပဲ အစချီပြောရမယ် လိမ့်မယ်။ ဒါပေမဲ့ ...သိပ်မကြာသေးပါဘူး။ ကျနော် ဖာသွားချတယ်။ အဲဒီအချိန်က ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် _ ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန်ပေါ့။ ကျနော် ဖာချတဲ့နေရာက ရန်ကုန်မြို့လယ်ခေါင်တစ်နေရာမှာပါပဲ။ အဓိက ပြောချင်တာက ဖာချတဲ့ကိစ္စမဟုတ်ပါဘူး။ ကွိုင်လည်း သုံးခဲ့ပါတယ်။ အဲဒါကို ထားလိုက်ပါတော့။ ကိစ္စဘာညာပြီးတော့ ...အဲဒီကောင်မလေးနဲ့ ပြောဖြစ်တဲ့စကားတွေကိုပါ။ "ရှင် ကျောင်းသားလား" တဲ့ ။ ကျနော်ကလည်း မဟုတ်ပါဘူးပေါ့ "ကျနော် ကျောင်းမတက်ဖြစ်တော့တာ ကြာပါပြီ" ဆိုပြီး ပြန်ပြောလိုက်တယ်။ ကျနော့်ကို သေသေချာချာ လေးလေးနက်နက်ကြီးကို စိုက်ကြည့်ပြီး ထပ်မေးတယ်။ "အခုဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုမြင်လဲ"တဲ့။ ကျနော်လည်း ကြောင်သွားတာပေါ့။ ဟုတ်တယ်လေ။ ကျနော်က ဖာလာချရုံသက်သက်ပဲ ဥစ္စာ၊ အဲဒီလိုကိစ္စမျိုးနဲ့ပတ်သတ်တဲ့ဟာကြီး အမေးခံရမယ်လို့ မျှော်မှ မမျှော်လင့်ထားခဲ့တာ။ ငါက ဘာအရာကိုမှ သေချာ သိတာတော့မဟုတ်ဘူး အဲဒီလိုပြောလို့ ယောင်ဝါးဝါးသမားလားဆိုတော့ မဟုတ်ဘူး မင်း ငါ့ကို ထင်ချင်တာထင်လို့တော့ ရပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ ထောက်ခံတယ် လို့ပဲ ပေါ့ပေါ့ပါးပါးလေး ဖြေပေးလိုက်တယ်။ အံမယ် ၊ ဒါတောင် ...မရွှေချောက မပြီးနိုင်၊ မစီးနိုင်နဲ့ "ဘာလို့ ...ထောက်ခံတာလဲ" လို့ထပ်မေးသေးသဗျ။ ကျနော်လည်း ဘာမှ ဆက်မဖြေတတ်တော့တာနဲ့ "နင်ရော ကျောင်းသူလား" ဆိုတာပဲ ပြန်မေးလိုက်တော့တယ်။ "ဟုတ်တယ်" လို့လည်း ပြန်ဖြေရော ၊ "အဲဒါဆို နင်ရော ဘယ်လိုမြင်လဲ ပြောပါဦး" ဆိုတော့ .. "ဘယ်လိုမှ မမြင်ဘူး လုပ်ချင်တာပဲ ရှိတယ် ...ကျမစပတ်နဲ့ ပြည်သူ့လူထုကို အမြင်ကျယ်သွားအောင်လို့ မည်းမှောင်နေတဲ့ နိုင်ငံတော်ကြီးကို မြင်လားလို့ပဲ ဟောဒီလို ...ဟောဒီလို ...ဖြဲ ပြပစ်ချင်တာ" တဲ့။


                                                   မောင်ရေချမ်း