Sunday, May 1, 2022

လူတန်းစားနံ့

ကျန်ခဲ့တယ် လမ်းသွယ်လေးတွေရဲ့ဘေး နေထုတ် လှမ်းထားတဲ့ အဝတ်ဟောင်းတွေဆီက ဝရန်တာမှာ ဖုန်ခါထားတဲ့ ခြေသုတ်ဝတ်တွေဆီက ဘတ်စ်ကားပေါ်က လက်ကိုင်ကွင်းတွေမှာ တစ်ခါတလေ အငှားယာဉ်ပေါ်မှာ ရပ်ကွက်လေးတွေရဲ့စျေးတွေထဲက ဘုရားပန်းတွေဆီကနေလည်း ထွက်လာလို့ ဝက်သားခုတ်တဲ့မိန်းမကြီးဆီက ရတာနဲ့ အဲဒီဘုရားပန်းတွေဆီက ရတာလည်း အတူတူပဲ ချွေးနံ့သက်သက် မဟုတ်ဘဲ သွေးပါ ပါတယ် သေချာရှူကြည့်ရင်တော့ အူ အသည်း ကလီစာ အဆုပ် အားလုံး ဖောက်ထုတ်ပြီး လမ်းပေါ် ပစ်ချခံထားရသလို အနံ့ အဲဒီအနံ့ ကိုယ်တိုင်မေ့နေပြီး ကိုယ်တိုင်ဆီက ထောင်းထောင်းထအောင် ရနေတဲ့အနံ့။။ မောင်ရေချမ်း

Thursday, April 7, 2022

တရားရိပ်သာက ထမင်းချက်ဦးလေးကြီး

သူတို့ရဲ့ အရိုးထဲ ၊ အဆုတ်ထဲကနေ ယုံကြည်ပါတယ် ဆိုတဲ့ သူတွေကပဲ သူတို့အရိုးတွေ အဆုတ်တွေကို ရေပူကန်ထဲ ပစ်ချပစ်လိုက်တာ ၊ ဒီအနိဌာရုံမြင်ကွင်းတွေကို ကြည့်ဖို့ ခင်ဗျား လူလာဖြစ်နေတာလို့ ကျနော် ပြောတာကို မယုံဘူးလေ သုတ်တွေပန်းထည့်ထားတဲ့ အုန်းနို့သာကူပြင်ကိုရော မင်း စားဖူးရဲ့လား ၊ တော်တော် မဖြစ်နိုင်ဘူးတဲ့လား "ဘောလား ၊ ငါ လိုးမ မင်းက စပ်စပ်စုစုနဲ့ သိချင်တယ် ဆိုလို့ ငါ ပြောပြတာပါ” ဆိုတဲ့ စကားကြောင့် ငြိမ်ပြီး နားထောင်နေလိုက်တယ် သူ့အသံက လေးတိလေးကန် တိုးဖွဖွလေး “အဘိုးကြီး ၊ အဘွားကြီးတွေ ဆိုတာ သိတဲ့အတိုင်းပဲလေ ၊ အိမ်မှာ သားသမီးတွေကြောင့် စိတ်ညစ်ရတော့ ၊ တို့ဆီ ရောက်လာတာပေါ့”တဲ့ တချို့ကတော့ သက်သက်ကို ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့ ။ ဒါပေမဲ့ … ဟိတ်ကောင်ရဲ့ ၊ တချို့အရွယ်လည်းကောင်း ၊ ရုပ်လည်းရှိတဲ့ ကောင်မတွေလည်း တစ်ခါတလေ လာကြတာပဲ။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့တလေပေါ့ ၊ တချို့ပါပဲ ပိုက်ဆံရှိတဲ့ ဘုန်းကြီးတွေနဲ့ ရင်းနှီးလာတော့ ဘာဆက်လုပ်ကြလဲ သိလား။ ထားပါတော့။ ငါက အသန့်အပြန့် အင်မတန်ကြိုက်တဲ့လူကွ ။ ဒါပေမဲ့ ၊ သူတို့ စားဖို့ ချက်တဲ့ ဟင်းတွေထဲကို ငါ ဘာတွေ ထည့်ပေးလိုက်လဲ သိလား။ တစ်ခါကဆိုရင် သီးစုံကုလားပဲဟင်းထဲကို ငါ့ချိုင်းမွှေးလေးတွေကို ကတ်ကြေးနဲ့ သေး‌သေးမျှင်မျှင်ဖြစ်အောင် ညှပ်ပြီး ထည့်ပေးလိုက်တယ်လေ။ ဘာမှ မဟုတ်ဘူး ။ “ဒီတိုင်းပဲ ထည့်ချင်လို့ကို ထည့်တာ အကုသိုလ်တွေ ၊ ဘာတွေ ငါ့လာမပြောနဲ့ ၊ မသိဘူး” တဲ့ ။ သိပ်မကြာသေးဘူး ၊ ဟိုတလောတုန်းကဆိုရင် မနက်စာမုန့်ဟင်းခါးပေါ့။ ငါလည်း အိပ်မှုန်စုံမွှားနဲ့ ထရတာပဲ။ ဟင်းအိုးကြီးလည်း တဗွမ်းဗွမ်းနဲ့ ဆူလာရော ၊ ငါ ဘာလုပ်တယ် မှတ်လဲ။ မျက်နှာကလည်း မသစ်ရသေးဘူးလေ။ မျက်ချေးဖတ်လေးတွေကို ကလော်ပြီး အဲဒီဟင်းအိုးထဲ ပစ်ထည့်ပစ်လိုက်တယ်။ ပြီးတော့ ၊ ငါ့ခြေထောက်ကို ငုံ့ကြည့်လိုက်တာ မည်းသဲနေတဲ့ဖုန်မှုန့်တွေ တွေ့တာနဲ့ အဲဒီဖုန်မှုန့်တွေပါ လက်နဲ့ခြစ်ပြီး ထည့်လိုက်တာပဲ .. ဟေ့။ သူတို့တွေကတော့ ဘယ်သိမလဲ ၊ စားကြတာ အမြဲ အားရပါးရ ၊ ငါက ဘယ်တော့မှ အိပ်မ၀ဘူး ၊ ပြီးတော့ နိဗ္ဗာန်လိုချင်လို့ ဟင်းထ ချက်နေတာလည်း မဟုတ်ဘူး ၊ မင်း သိလား ၊ လူ့ဘ၀ဆိုတာ အမှောင်ကမ္ဘာကို တခါတလေ မေ့ထားတဲ့ နေလုံးပဲ။ မောင်ရေချမ်း

Monday, March 21, 2022

ချိတ်ဆက်ရေးတာ၀န်ခံ

ရုရှားစာရေးဆရာကြီး တော်လ်စတွိုင်းဆိုလား သူကတော့ ရေးခဲ့တာပဲ "လူတစ်ကိုယ် မြေ ဘယ်လောက် လိုလဲ" ဆိုပြီး ၀တ္ထုတစ်ပုဒ် ရေးခဲ့တာပဲ ကိုတင့်ဆိုတဲ့ သူကတော့ အဲဒီလို မရေးဘူး ဒါပေမဲ့ အ‌မြဲ မေးတယ် "လူတစ်ကိုယ် စော် ဘယ်နှယောက် လိုလဲ" " ဟေ့လူ ခင်ဗျားတို့ စော် ဘယ်နှယောက်လိုလဲ" လို့ အဲဒီကိုတင့်က အမြဲမေးတယ် မေးမှာပေါ့ သူ့အလုပ်ကိုက အဲဒီလို မေးရတဲ့အလုပ်ကိုး တစ်ခါ‌ဆို "ဟေ့ကောင် ၊ မင်း ငါ့ကို ဘာကောင် အောက်မေ့နေလို့ ဒီစကားပြောတာလဲ ကွ" လို့ လူတစ်ယောက်က ဒေါနဲ့ မောနဲ့ ပြန်မေး‌တာ ကိုတင့် ကြုံခဲ့ရသေးတယ် အဲဒီကျတော့ ကိုတင့် ပြန်ဖြေပုံကို ကြည့်ဦးလေ ဘယ်လောက်များ သွေးအေးလဲဆိုတာ ၊ "ခင်ဗျားကို ဘာကောင်မှ မအောက်မေ့ဘူးလေ ဖာချချင်နေတဲ့ကောင်လို့ပဲ ထင်တာပေါ့" တဲ့ ဟိုက တရှူးရှူးတရှဲရှဲနဲ့ စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်ပြီး "ဟေ့ကောင် ဘာက ဘာကောင်လဲကွ" လို့ ထအော်မေးတော့လည်း " ကျနော်က ဖာခေါင်းပါခင်ဗျ" တဲ့ လုံး၀ကို ယဉ်ယဉ်ကျေးကျေးပဲ သိမ်မွေ့တဲ့လေသံလေးနဲ့ သူ့အလုပ်အကိုင်သူ ဂုဏ်ယူတဲ့လေသံလေးကို ပြန်ဖြေသေးတယ် အဲဒါကိုတင့်ပေါ့ ၊ ကိုတင့် စည်းမျဉ်းက ရှင်းတယ် သူချိတ်ထားတဲ့စော်လေးတွေရဲ့ အတွင်းခံ ဘောင်းဘီလေးကို ထိုင်လျှော်နေတဲ့ ကိုတင့်အကြောင်းကို ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ကိုတင့် စည်းမျဉ်းအကြောင်းပြောရင်တော့ ယုံကြလိမ့်မယ် သက်သေလည်း ရှိတာကိုး ၊ သူ ချိတ်ပေးတဲ့ ကောင်မလေးတွေက အကောင်းဆုံးသက်သေပဲလေ အဲဒီကောင်မလေးတွေဆီက ဘယ်တော့မှ ဘယ်လောက်မှ နည်းနည်းလေးတောင် ခေါင်းပုံ မဖြတ်ဘူး ဥပမာ တစ်ည တစ်သိန်းတန်ကောင်မလေးကို အားပေးတဲ့သူက ခေါ်သွားတယ် ဆိုပါစို့ ကောင်မလေးကို တစ်သိန်း ၊ ကိုတင့်ကို (၁၀) ရာခိုင်နှုန်း တစ်သောင်းပေးရတယ် ကိုတင့်က အဲဒီလို ဖာခေါင်းမျိုးပေါ့ တရား၀င်အစိုးရလို စားသုံးသူဆီကပဲ အခွန်ကောက်တာပေါ့ဗျာ အလုပ်သမားအခွင့်အရေးကိုလည်း လေးစားတဲ့သဘောပေါ့ အဲဒါကြောင့်ကို ကိုတင့်နဲ့ ချိတ်ဆက်ချင်တဲ့သူတွေ အများကြီးပဲ သဘောလည်းကျကြတယ်လေ ကိုတင့်က ပြောသေးတယ်ဗျ ၊ သူ့ကို တချို့‌လူတွေက "ဖာခေါင်း" လို့ ခေါ်ကြတာ သူ သိတယ်တဲ့ အဲဒီသူတွေက အင်မတန်မိုက်ရိုင်းတဲ့သူတွေမို့လို့ အဲဒီလို ခေါ်တာတဲ့ တကယ်တော့ သူ့အလုပ်က ချိတ်ဆက်ရေးပဲ တဲ့ ၊ အဲဒါကြောင့် သူ့ကို "ချိတ်ဆက်ရေးတာ၀န်ခံ" လို့ ခေါ်သင့်တာတဲ့ဗျ ၊ ကိုတင့် ပြောတာလည်း သေချာတွေးကြည့်ရင် မှန်သလိုလိုပဲ မဟုတ်လား ။ ။ ( ဖာခေါင်းကိုတင့် သို့ အမှတ်တရ ) မောင်ရေချမ်း