Monday, March 21, 2022

ချိတ်ဆက်ရေးတာ၀န်ခံ

ရုရှားစာရေးဆရာကြီး တော်လ်စတွိုင်းဆိုလား သူကတော့ ရေးခဲ့တာပဲ "လူတစ်ကိုယ် မြေ ဘယ်လောက် လိုလဲ" ဆိုပြီး ၀တ္ထုတစ်ပုဒ် ရေးခဲ့တာပဲ ကိုတင့်ဆိုတဲ့ သူကတော့ အဲဒီလို မရေးဘူး ဒါပေမဲ့ အ‌မြဲ မေးတယ် "လူတစ်ကိုယ် စော် ဘယ်နှယောက် လိုလဲ" " ဟေ့လူ ခင်ဗျားတို့ စော် ဘယ်နှယောက်လိုလဲ" လို့ အဲဒီကိုတင့်က အမြဲမေးတယ် မေးမှာပေါ့ သူ့အလုပ်ကိုက အဲဒီလို မေးရတဲ့အလုပ်ကိုး တစ်ခါ‌ဆို "ဟေ့ကောင် ၊ မင်း ငါ့ကို ဘာကောင် အောက်မေ့နေလို့ ဒီစကားပြောတာလဲ ကွ" လို့ လူတစ်ယောက်က ဒေါနဲ့ မောနဲ့ ပြန်မေး‌တာ ကိုတင့် ကြုံခဲ့ရသေးတယ် အဲဒီကျတော့ ကိုတင့် ပြန်ဖြေပုံကို ကြည့်ဦးလေ ဘယ်လောက်များ သွေးအေးလဲဆိုတာ ၊ "ခင်ဗျားကို ဘာကောင်မှ မအောက်မေ့ဘူးလေ ဖာချချင်နေတဲ့ကောင်လို့ပဲ ထင်တာပေါ့" တဲ့ ဟိုက တရှူးရှူးတရှဲရှဲနဲ့ စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်ပြီး "ဟေ့ကောင် ဘာက ဘာကောင်လဲကွ" လို့ ထအော်မေးတော့လည်း " ကျနော်က ဖာခေါင်းပါခင်ဗျ" တဲ့ လုံး၀ကို ယဉ်ယဉ်ကျေးကျေးပဲ သိမ်မွေ့တဲ့လေသံလေးနဲ့ သူ့အလုပ်အကိုင်သူ ဂုဏ်ယူတဲ့လေသံလေးကို ပြန်ဖြေသေးတယ် အဲဒါကိုတင့်ပေါ့ ၊ ကိုတင့် စည်းမျဉ်းက ရှင်းတယ် သူချိတ်ထားတဲ့စော်လေးတွေရဲ့ အတွင်းခံ ဘောင်းဘီလေးကို ထိုင်လျှော်နေတဲ့ ကိုတင့်အကြောင်းကို ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ကိုတင့် စည်းမျဉ်းအကြောင်းပြောရင်တော့ ယုံကြလိမ့်မယ် သက်သေလည်း ရှိတာကိုး ၊ သူ ချိတ်ပေးတဲ့ ကောင်မလေးတွေက အကောင်းဆုံးသက်သေပဲလေ အဲဒီကောင်မလေးတွေဆီက ဘယ်တော့မှ ဘယ်လောက်မှ နည်းနည်းလေးတောင် ခေါင်းပုံ မဖြတ်ဘူး ဥပမာ တစ်ည တစ်သိန်းတန်ကောင်မလေးကို အားပေးတဲ့သူက ခေါ်သွားတယ် ဆိုပါစို့ ကောင်မလေးကို တစ်သိန်း ၊ ကိုတင့်ကို (၁၀) ရာခိုင်နှုန်း တစ်သောင်းပေးရတယ် ကိုတင့်က အဲဒီလို ဖာခေါင်းမျိုးပေါ့ တရား၀င်အစိုးရလို စားသုံးသူဆီကပဲ အခွန်ကောက်တာပေါ့ဗျာ အလုပ်သမားအခွင့်အရေးကိုလည်း လေးစားတဲ့သဘောပေါ့ အဲဒါကြောင့်ကို ကိုတင့်နဲ့ ချိတ်ဆက်ချင်တဲ့သူတွေ အများကြီးပဲ သဘောလည်းကျကြတယ်လေ ကိုတင့်က ပြောသေးတယ်ဗျ ၊ သူ့ကို တချို့‌လူတွေက "ဖာခေါင်း" လို့ ခေါ်ကြတာ သူ သိတယ်တဲ့ အဲဒီသူတွေက အင်မတန်မိုက်ရိုင်းတဲ့သူတွေမို့လို့ အဲဒီလို ခေါ်တာတဲ့ တကယ်တော့ သူ့အလုပ်က ချိတ်ဆက်ရေးပဲ တဲ့ ၊ အဲဒါကြောင့် သူ့ကို "ချိတ်ဆက်ရေးတာ၀န်ခံ" လို့ ခေါ်သင့်တာတဲ့ဗျ ၊ ကိုတင့် ပြောတာလည်း သေချာတွေးကြည့်ရင် မှန်သလိုလိုပဲ မဟုတ်လား ။ ။ ( ဖာခေါင်းကိုတင့် သို့ အမှတ်တရ ) မောင်ရေချမ်း

1 comment:

  1. ကိူတင့်ရော အဆင်ပြေပါရဲ့လား ကိုရေချမ်း

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ