Sunday, April 7, 2024

မြေစောင့်နတ်ရဲ့တရားမျှတခြင်းအနမ်း

 


အဲဒါ ....
ဒေ၀ကာယ နတ်ကိုယ်နဲ့
ကြာပွတ်ဒဏ်ကို နွေဦးရာသီမှာ
သစ်စေ့လေးတွေအစား ထမ်းပိုးခံစားလို့
ပြီးတော့ ...သက်တန့်ကို နမ်းဖို့
မိုးထိလု ၀က်သစ်ချပင်ကြီးရယ်
မြေကပ်မြက်ပင်လေးရယ်
ကျောက်မှုန့်နုနုလေးတွေပေါ် နှင်းရည်ပက်ဖြန်းရင်း
မေတ္တာကို ကိုယ်ထင်ပြတဲ့အရိပ်အဖြစ်
စပျစ်ရည်ထဲကနေ ပေါ်ထွက်လာခဲ့တယ်။ ။
                                               မောင်ရေချမ်း