Thursday, April 7, 2022
တရားရိပ်သာက ထမင်းချက်ဦးလေးကြီး
သူတို့ရဲ့ အရိုးထဲ ၊ အဆုတ်ထဲကနေ
ယုံကြည်ပါတယ် ဆိုတဲ့ သူတွေကပဲ
သူတို့အရိုးတွေ အဆုတ်တွေကို ရေပူကန်ထဲ
ပစ်ချပစ်လိုက်တာ ၊ ဒီအနိဌာရုံမြင်ကွင်းတွေကို ကြည့်ဖို့ ခင်ဗျား လူလာဖြစ်နေတာလို့
ကျနော် ပြောတာကို မယုံဘူးလေ
သုတ်တွေပန်းထည့်ထားတဲ့ အုန်းနို့သာကူပြင်ကိုရော
မင်း စားဖူးရဲ့လား ၊ တော်တော် မဖြစ်နိုင်ဘူးတဲ့လား
"ဘောလား ၊ ငါ လိုးမ
မင်းက စပ်စပ်စုစုနဲ့ သိချင်တယ် ဆိုလို့
ငါ ပြောပြတာပါ” ဆိုတဲ့ စကားကြောင့်
ငြိမ်ပြီး နားထောင်နေလိုက်တယ်
သူ့အသံက လေးတိလေးကန် တိုးဖွဖွလေး
“အဘိုးကြီး ၊ အဘွားကြီးတွေ ဆိုတာ သိတဲ့အတိုင်းပဲလေ ၊ အိမ်မှာ သားသမီးတွေကြောင့် စိတ်ညစ်ရတော့ ၊ တို့ဆီ ရောက်လာတာပေါ့”တဲ့
တချို့ကတော့ သက်သက်ကို ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့ ။ ဒါပေမဲ့ … ဟိတ်ကောင်ရဲ့ ၊ တချို့အရွယ်လည်းကောင်း ၊ ရုပ်လည်းရှိတဲ့ ကောင်မတွေလည်း တစ်ခါတလေ လာကြတာပဲ။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့တလေပေါ့ ၊ တချို့ပါပဲ
ပိုက်ဆံရှိတဲ့ ဘုန်းကြီးတွေနဲ့ ရင်းနှီးလာတော့ ဘာဆက်လုပ်ကြလဲ သိလား။ ထားပါတော့။ ငါက အသန့်အပြန့် အင်မတန်ကြိုက်တဲ့လူကွ ။
ဒါပေမဲ့ ၊ သူတို့ စားဖို့ ချက်တဲ့ ဟင်းတွေထဲကို ငါ ဘာတွေ ထည့်ပေးလိုက်လဲ သိလား။ တစ်ခါကဆိုရင် သီးစုံကုလားပဲဟင်းထဲကို ငါ့ချိုင်းမွှေးလေးတွေကို ကတ်ကြေးနဲ့ သေးသေးမျှင်မျှင်ဖြစ်အောင် ညှပ်ပြီး ထည့်ပေးလိုက်တယ်လေ။ ဘာမှ မဟုတ်ဘူး ။
“ဒီတိုင်းပဲ ထည့်ချင်လို့ကို ထည့်တာ အကုသိုလ်တွေ ၊ ဘာတွေ ငါ့လာမပြောနဲ့ ၊ မသိဘူး” တဲ့ ။ သိပ်မကြာသေးဘူး ၊ ဟိုတလောတုန်းကဆိုရင် မနက်စာမုန့်ဟင်းခါးပေါ့။ ငါလည်း အိပ်မှုန်စုံမွှားနဲ့ ထရတာပဲ။ ဟင်းအိုးကြီးလည်း တဗွမ်းဗွမ်းနဲ့ ဆူလာရော ၊ ငါ ဘာလုပ်တယ် မှတ်လဲ။ မျက်နှာကလည်း မသစ်ရသေးဘူးလေ။ မျက်ချေးဖတ်လေးတွေကို ကလော်ပြီး အဲဒီဟင်းအိုးထဲ ပစ်ထည့်ပစ်လိုက်တယ်။ ပြီးတော့ ၊ ငါ့ခြေထောက်ကို ငုံ့ကြည့်လိုက်တာ မည်းသဲနေတဲ့ဖုန်မှုန့်တွေ တွေ့တာနဲ့ အဲဒီဖုန်မှုန့်တွေပါ လက်နဲ့ခြစ်ပြီး ထည့်လိုက်တာပဲ .. ဟေ့။ သူတို့တွေကတော့ ဘယ်သိမလဲ ၊ စားကြတာ အမြဲ အားရပါးရ ၊ ငါက ဘယ်တော့မှ အိပ်မ၀ဘူး ၊ ပြီးတော့ နိဗ္ဗာန်လိုချင်လို့ ဟင်းထ ချက်နေတာလည်း မဟုတ်ဘူး ၊ မင်း သိလား ၊ လူ့ဘ၀ဆိုတာ
အမှောင်ကမ္ဘာကို တခါတလေ မေ့ထားတဲ့ နေလုံးပဲ။
မောင်ရေချမ်း
Subscribe to:
Posts (Atom)